Oct 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 10, 2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝင် စီးပွားရေး ရာဝန်ကြီး ဦးအောင်သန်းဦးနှင့်အတူ ယနေ့ နံနက်ပိုင်းက တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက္ကားဈေးသစ် ကြီး၊ ရွှေပိ တောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီး ဟင်းရွက်ဈေးများတွင် လက်လီ လက်ကား ရောင်းချ နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Oct 10, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများ၊ မြန်မာ နိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဟိုတယ်ဇုန်ဥက္ကဋ္ဌများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာ အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 10, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နေပြည်တော် ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 10, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Oct 10, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
Oct 10, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၆၁ ဦး၊ စုစုပေါင်း ၃၅၀ ဦးနှင့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။
Oct 10, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိ ရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
Oct 10, 2021
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
Oct 10, 2021
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီတို့၏ ရုပ်သံလုပ်ငန်းများကို လိုက်လံကြည့်ရှုပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးသည်။
Oct 10, 2021
ရေလှောင်တမံကြီးများ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧကပြည့် ဆည်ရေပေးဝေနိုင်ရေး ၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိစစ် ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
Oct 10, 2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူဆောင်ရွက်လျက် ရှိသော လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ယနေ့ နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 10, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်၊ လောကနန္ဒာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ မေဃိယအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းပဒေသာပင် အလှူငွေကျပ်သိန်း ၅၀ စိုက်ထူလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း လျှောက်ထားဆောင်ရွက်သည်။
Oct 10, 2021
နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော် အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြု နိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက်သတ် သတင်းအချက် အလက်များအပေါ်အခြေခံကာ ဝေဖန်ပြောကြားချက်များ ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည်လည်း တရားမဝင်အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရ သည်။
Oct 10, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ကပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေဗိမာန်က ဖတ်ကြားခဲ့သော စာတမ်းများကို ထုတ်ဝေသည့် စာအုပ်များ အနက် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ သုံးရက် ကျင်းပ ပြုလုပ်ခဲ့သည့် ဝတ္ထုရှည်စာတမ်းဖတ်ပွဲတွင် တင်သွင်းခဲ့သည့် စာတမ်းခြောက်စောင်နှင့် ၂၆-၇-၂၀၁၅ ရက်တွင် စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သည့် “ဝတ္ထုရှည် အနှစ်သာရ” စာပေစကားဝိုင်းတွင် စာရေးဆရာ လေးဦး ဆွေးနွေးခဲ့ကြသော မြန်မာဝတ္ထုရှည်ဆိုင်ရာ ဆွေးနွေးချက်များပါဝင်သည့် “ဝတ္ထုရှည်စာတမ်းများ” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ်ကို စာပေဗိမာန်က တတိယအကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။
Oct 10, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည်တတိယဆု ရရှိသည့် စာရေးဆရာ မောင်နေခြည်(ပြည်)၏ “သူတို့လောက သူတို့ ဘဝ' စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Oct 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့က စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Oct 10, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားသည်။ ၎င်းအဖွဲ့များမှာ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးခွဲမိုင်းခွဲ တိုက်ခိုက်မှုများ၊ မီးရှို့မှုများ အပါအဝင် အကြမ်းဖက်လုပ်ရပ်များစွာတို့ကို အမိန့်ပေးခြင်း၊ နောက်ကွယ်မှ စေခိုင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ ပြုလုပ်ခဲ့ကြသည်။ ယင်းအကြမ်းဖက် တိုက်ခိုက်မှုများမှာ လူနေရပ်ရွာများအတွင်း လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် သာမန်အရပ်သူ အရပ်သားများကို အမျိုးသမီးများ၊ ကလေးများအပါအဝင် မိသားစုလိုက် သတ်ဖြတ်ခြင်းများလည်း ပါဝင်သည်။