Skip to main content

စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက် သွားကြရမည်

ပဲခူး  ဧပြီ  ၂

စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ဧပြီ ၁ ရက် နံနက်ပိုင်းက Online Zoom Meeting System ဖြင့်ကျင်းပသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၂)တွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေကြာစိုက်ပျိုးနိုင်မည့် မြေနေရာများနှင့် နေကြာမျိုး အတွက် ဧက ၁၀၀၀ စိုက်ပျိုးသွား ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် မြေလပ်မရှိစေဘဲ ဒေသနှင့်ကိုက်ညီသည့်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုး သွားရမည်ဖြစ်ကြောင်း၊ နွေစပါး စိုက်ပျိုးရာတွင် လိုအပ်သည့် စိုက် ပျိုးရေရရှိရေး ချောင်းပိတ်မြောင်း ပိတ်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ မြောင်းသွယ်မြောင်းများ ပြန် လည်တူးဖော်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းစသည့်နည်းလမ်းပေါင်းစုံဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆားငန်ရေ ဝင်ရောက်သည့် မြစ်ချောင်းများအနီး၌ ဆားငန်ရေ ဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ ကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်သရုပ်ပြသ ခြင်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံ ချက်များကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်