Oct 09, 2021
နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက် သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ/ ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည်။ ထို့ပြင် ပြည်ပ နိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည်လည်း တရားမဝင် အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ် အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရသည်။
Oct 09, 2021
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် ဌာနဝန်ထမ်းများအား တွေ့ဆုံသည်။
Oct 09, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးအရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အောက်တိုဘာ ၆ ရက်တွင် ရှမ်းပြည်နယ်အစိုးအရအဖွဲ့ရုံး၌ တွေ့ဆုံ၍ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး တို့ကို ဆွေးနွေးသည်။
Oct 09, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀) ၊ Oxygen Generator (၂)ခု ၊ PPE ဝတ်စုံ (၂၇၅၀)နှင့် နှာခေါင်းစည်း (Mask) (၁၇) တန်တင်သွင်းခဲ့သည်။
Oct 09, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 09, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့်အတူ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့ ထေရဝါဒဗုဒ္ဓဗဟို သာသနာပြုကျောင်းသို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တ ဝိစာရအား ဖူးမျှော်၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Oct 09, 2021
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ စလင်းအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပဒုမ္မာအား ကစားကွင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Oct 09, 2021
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသုံးပြုနိုင်ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်း ဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ယွမ်ငွေ ၄,၂၅၄,၈၀၀/- (ငွေကျပ် ၁,၀၆၃,၇၀၀,၀၀၀/-) တန်ဖိုးရှိ Prescription Tea for Prevention of Covid-19
Oct 09, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Oct 09, 2021
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အနီးမြို့ပတ်ကမ်းနားလမ်းတွင် အောက်တိုဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်သို့ ဆီပို့ဆောင်မည့် ဆီဘောက်ဆာ အတွင်းမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Oct 09, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို လေ ကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင် ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၇ ခုမှ အိမ်သုံးဆေးဝါး ၁၀၅ မျိုးအား ရောင်းချပေး ခဲ့သည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Oct 09, 2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေး ထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။
Oct 09, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာ နှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့ သန့်ရှင်းသပ်ရပ်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေး လုပ်ငန်းများ ဆောင်ရွက်
Oct 09, 2021
ရန်ကုန် အောက်တိုဘာ ၈
Oct 09, 2021
နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များဖြစ်သော Quarantine Center နှင့် Positive Center များဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သော ခုတင်များ၊ Oxygen အိုးများနှင့် အခြားဆက်စပ်ပစ္စည်းများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပသည်။
Oct 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ် ရွေးချယ်သည်။
Oct 09, 2021
ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ကမ္ဘာအနှံ့နိုင်ငံအသီးသီး တို့တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ပြန့်ပွား လျက်ရှိစဉ် မိမိတို့နိုင်ငံ ၌သိသိသာသာလျော့နည်းကျဆင်းလာခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ သို့ရာတွင် စိတ်ချရလောက်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ နေ့စဉ်ရောဂါပိုးကူးစက်မှု တွေ့ရှိရသည့် နှုန်းမှာ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းတို့၏ဝန်းကျင်တွင် တရစ်ဝဲဝဲဖြစ်နေသည်။ ရောဂါပိုးကူးစက်မှု ၅ ရာခိုင်နှုန်းအောက်သို့ ဆက်လက်ကျဆင်းလျော့နည်းသွားရန် လူတိုင်းအသိကိုယ်စီဖြင့် ကြိုးပမ်းကြရ ဦးမည်ဖြစ်သည်။