နေပြည်တော် ဧပြီ ၂
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေပုဗ္ဗသီရိ မြို့နယ်ရှိဝဲကြီးကျောင်း တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ပိန္နဲကုန်းကျောင်းတိုက် သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုဒ္ဓါရာမစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ရှိမြစိမ်းရောင်စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ ပြည်တော်သာ ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်