ရန်ကုန် ဧပြီ ၂
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း ကသာကေတမြို့နယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည်သာကေတမြို့နယ်၁၀/ တောင်ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းနှင့် အတွင်းရှုခင်းသာလမ်း ထောင့်၌ မြေထိန်းနံရံတည်ဆောက်နေမှုကိုလည်းကောင်း၊ အမှတ်(၉)ရပ်ကွက် ရှုခင်းသာလမ်းတွင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဆောင်ရွက်သောမြို့နယ်ခန်းမ တည်ဆောက် ပြီးစီးမှု၊ ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်ခန်းမရှေ့ မီးသတ်ရေငုတ် (Fire Hydrant)နှင့် ရေပိုက်လိုင်းများ ဆက်သွယ်ထားမှုတို့ကိုလည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၂)ရပ်ကွက် ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းထောင့် ယုဇနဥယျာဉ် မြို့တော်အိမ်ရာရှေ့ မြို့နယ်ခန်းမတည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ကနောင်မင်းသားကြီး လမ်းတစ်လျှောက် စည်ပင်သာယာဝန်ထမ်းများဖြင့် လမ်းဘေးဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်း နေမှု၊ ရေမြောင်းများအတွင်းအမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၁၂၂ ရပ်ကွက် မင်းရဲကျော်စွာလမ်းပေါ်ရှိမြို့နယ်ခန်းမတည် ဆောက်ပြီးစီးမှုကို လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုလမ်းရှိ ပြည်ထောင်စုအိမ်ရာဝင်းရှေ့ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရန် Excavator ယန္တရားယာဉ်များဖြင့် မြောင်းချေးများ၊ သဲမြေများ၊ အမှိုက်များကို ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုနှင့် အိမ်ရာဝင်းအတွင်းဝန်ထမ်းလိုင်းခန်း တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်