Oct 17, 2021
အချိန်ကား တပေါင်းလအကုန်တန်ခူးလသို့အကူး နွေဥတု၏အမှတ်သင်္ကေတဖြစ်သည့် လေရူးတို့ တသုန်သုန်တိုက်ခတ်ချိန်ဖြစ်၏။ တောင်သူဦးကြီးတို့ မိုးဦး ကိုမျှော်ကာ စိုက်ပျိုးရန်အတွက် အသင့်ဖြစ်စေရန် ထွန်ရေးခွင်ကို ပြင်ဆင်ထားချိန်လည်း ဖြစ်ပြန်၏။ ယင်းအချိန်သည် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုကျင်းပပြီးစအချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ကြိုးစားလာခဲ့သမျှ ထိုအချိန်ကျမှ သာလျှင် ကျောင်းသားတစ်ယောက်၏ တာဝန်ဝတ္တရားကို ခေတ္တခဏမျှ ပစ်ချထား နိုင်ကြ၏။ ယင်းကျောင်းသားများတွင် ကျွန်တော်လည်းအပါအဝင်ဖြစ်၏။ အချိန်ကား၂၀၀၇ ခုနှစ်ကဖြစ် သည်။ မြို့ကြီးပြကြီးများမှ ကျောင်းသားများအတွက် စာမေးပွဲပြီးလျှင် တခြားဘာသာစကား တစ်ခုခုကိုဖြစ်စေ၊ ကွန်ပျူတာသင်တန်းဖြစ်စေ တက်ရောက် သင်ယူနိုင်၏။ ကျွန်တော်အပါအဝင် နယ်မှကျောင်းသား များအတွက်ကား မိဘကို ကူညီလုပ်ပေးရုံမှတစ်ပါး အခြားမရှိပြီ။ ထို့ကြောင့် လုပ်စရာ မည်မည်ရရမရှိဖြစ်သောကြောင့် အချိန်များ လိုသည်ထက် ပိုနေသည့် ကာလ လည်းဖြစ်၏။
Oct 17, 2021

အခက်အခဲအကျပ်အတည်းကြားက ရုန်းထနေသည့် မြန်မာ့သမဝါယမအကြောင်း စေ့ငုလိုချင် စိတ်က ရင်ထဲတွင် တစိမ့်စိမ့်ခံစားနေမိပါသည်။ ၁၉၀၅ ခုနှစ် ကတည်းက သန္ဓေတည်ရှင်သန် ရပ်တည်ခဲ့သည့် မြန်မာ့သမဝါယမသည် လောကဓံတရားကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၁၁၇ နှစ်တိုင် နိုးကြားတက်ကြွနေခဲ့ပြီး အသွင်သဏ္ဌာန်နှင့် အနှစ်သာရကတော့ ရွှင်လန်းစွာ ပြုံးပျော်နေသည်ဟု မှတ်ယူရပေမည်။ ဝေဖန်သံတွေကြားက တစ်ကျော့ပြန် ဦးမော့လာသည်ဟု ဆိုရမည့် ၁၇-၆-၂၀၂၁ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တစ်ချိန် က လုပ်ဆောင်ခဲ့သည့် သမဝါယမပုံစံမျိုးနှင့်ဆောင်ရွက်မည် မဟုတ်တော့ဘဲ အမှန်အလုပ်လုပ်ပြီး စုပေါင်းဆောင်ရွက်လိုစိတ်ရှိသူ၊ သမဝါယမအခြေခံမူ၊ ကျင့်ဝတ်နှင့် အနှစ်သာရတို့ကို လေးစား လိုက်နာ လိုသူများဖြင့် စည်းရုံးဖွဲ့စည်း လုပ်ဆောင်မည်ဟု မူဝါဒချမှတ်ထားသည့်အတွက် မြန်မာ့မြေဝယ် သမဝါယမ၏ အဓွန့်ရှည်မှုက ကြာရှည်စွာ တည်ရှိနေတော့မည်ဟု ဆိုရမည်ဖြစ် ပေသည်။
Oct 16, 2021
ဘေးကင်းလုံခြုံမှုမရှိသော စားဆီများကို သုံးစွဲခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုမှာ ကြီးမားလျက်ရှိသည်။ ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေး ပြဿနာများကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ “ကျန်းမာရေးနှင့် မသင့်လျော်သည့်ဆီများကို စားသုံးမိခြင်း” ဖြစ်ပြီး ဒုတိယအချက်မှာ “သုံးစွဲသင့်သည်ထက် ပိုမို စားသုံးမိနေခြင်း” ဖြစ်သည်။ မြန်မာဟင်းအများစုတွင်လည်း ဆီပြန်ဟင်းများက ဟင်းကောင်းအဖြစ် နေရာယူထားသည်။ ဆီနည်းသည်ဆိုလျှင် “ဟင်းက ဆီတောင်မပါဘူး” ဟု ဆိုတတ်ကြပြန်သည်။ မြန်မာ့စားစရာဟင်းလျာများတွင် ဆီက မပါမဖြစ် ဆိုသလိုပါနေပြီး လိုသည်ထက်ပင် ပိုစားဖြစ်နေကြသည်။
Oct 15, 2021

စကော့လူမျိုး ကမ္ဘာကျော်စာရေးဆရာကြီး သောမတ်ကာလိုင်း (Thomas Cartyle) က “အတ္ထု ပ္ပတ္တိစာပေသည် ဖတ်ရှုစရာ စာပေများတွင် ဖတ်ပျော်ဖွယ် အရှိဆုံးနှင့် အကျိုးအမြတ်အရှိဆုံး ဖြစ်သည်” ဟုဆိုသည်။
Oct 14, 2021

အောက်တိုဘာ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ဆိုတော့ ဆရာ ဆရာမတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲစွဲမြဲအမှတ်ရစရာတစ်ခုက ခေါင်းထဲ ပေါ်လာပါတယ်။ မှတ်မှတ်ရရဆိုရရင် ၇ တန်းနှစ်ကပါ။ သမိုင်းသင်တဲ့ ဆရာက ဖြစ်ရပ်တစ်ခု၊ ရာဇဝင်တစ်ခုကို ပုံပြင်တစ်ပုဒ်လို တစ်ထိုင်တည်း အလွတ်ရအောင် သင်နိုင်သူပါ။ အသင်အပြကောင်းသလို အရိုက်လည်း ကြမ်းလို့ ကျောင်းသူ ကျောင်းသားတွေက ကြောက်ကြပါတယ်။
Oct 13, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -
Oct 13, 2021
နိုင်ငံတကာတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များသည် ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အလူးအလဲခံကြရ သည့် အညံ့နှစ်များဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကူးစက်မှုဒဏ်ကို ခံစားခဲ့ရပေသည်။
Oct 13, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့ သည်။ ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲအခမ်းအနား တက်ရောက် ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိ သူများနှင့်တွေ့ဆုံခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ ခြင်းတို့ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်း အမြစ်တိုးတက်ရေး၊ ယဉ်ကျေးမှုကဏ္ဍစသည့်တို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ သည်ကိုမြင်တွေ့ရသည်။
Oct 12, 2021

သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားလှသကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ မြေကမ္ဘာကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် လျက်ရှိပါသည်။ ပြင်းထန် ဆိုးရွားသည့် သဘာဝ ဘေးအန္တရာယ်တစ်မျိုးမျိုးဖြစ်ပွားပါက လူသားတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်များကိုသာမက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးသီးတွင် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Oct 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာ ဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ် မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -