Skip to main content
Oct 20, 2021
စီးပွားရေး
ကိုဗစ်ကြောင့် ခရီးသွားကန့်သတ်ခြင်း အပါအဝင် လိုက်နာရန် စည်းကမ်းများကြောင့် ပုံမှန်လှုပ်ရှား သွားလာ လုပ်ကိုင်မရတဲ့အတွက် နိုင်ငံတိုင်းမှာ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင်ရေး၊ ဈေးကွက်စသည်များ ထိခိုက်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍအစုံမှာ ထိခိုက်မှုတွေ ရှိလာပါတယ်။ သဘာဝဘေး အန္တရာယ်နဲ့ ကပ်ဘေးတွေကြောင့် ထိခိုက်မှုတွေ ဖြစ်လာရင် ထိခိုက်ခံရမှု အများဆုံးက ကျေးလက်နေ ဆင်းရဲတဲ့ ပြည်သူတွေဖြစ်ပြီး မြို့ပြရော ကျေးလက်ပါ ထိခိုက်ပါတယ်။
Oct 20, 2021
လက်ဖက်ရည်ဆိုင်ထဲမှာ ချစ်သူစုံတွဲတစ်တွဲ နဖူးလေးကိုနမ်းလိုက်၊ ပါးလေးကိုတို့ထိလိုက်နှင့် ပတ်ဝန်းကျင်ကို သူတို့မေ့လျော့နေသည်။ တစ်ဝိုင်းတည်းထိုင်နေသည့် လူငယ်ကောင်လေးများကလည်း သူတို့စုံတွဲကို ဂရုမထား ဂိမ်းကစားမပျက် ရှိလို့နေသည်။ အတိတ်မြင်ကွင်းပုံရိပ်တို့က တဖျတ်ဖျတ် ထင်ဟပ်လာသည်။ ဆရာမကြီးလူထုဒေါ်အမာက “ကျွန်မတို့ငယ်ငယ်တုန်းက” စာပဒေသာ ပေလွှာဖွဲ့နွဲ့ခဲ့သလို ကျွန်တော်တို့ ငယ်ငယ်တုန်းက ချစ်မှုရေးရာ နှလုံးသားကိစ္စများကို ပြန်ပြောင်းသတိရလာသည်။
Oct 20, 2021
“ကျွန်တော်တို့ အိမ်က သေးငယ်နေပေမယ့် အိမ်ထဲမှာ စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခုတင်တွေ ဘယ်လိုနေရာချထားမလဲဆိုတာ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးကိစ္စပါ။ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေရဲ့ ကိစ္စမဟုတ်ပါဘူး။ ခုတင်ကို ဟိုဘက်ရွှေ့၊ ကုလားထိုင်ကို ဒီမှာထားလို့ ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ အိမ်ပါ။ သေးငယ်နေပေမယ့် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလိုအတိုင်း စီမံလုပ်ကိုင်ခွင့်ရှိပါတယ်” လို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်(ဟောင်း) လီကွမ်ယု ပြောစကားကို အမှတ်ရမိပါတယ်။
Oct 19, 2021
လူမျိုးတို့၏ ကြီးပွားခြင်းသည်လူငယ်ကလေးများ ၏စိတ်၌ ရဲသွေး ရဲစိတ် မကြောက်စိတ်တို့ကို ပျိုးထောင်၍ပေးခြင်း၌ တည်စေသည်။ အကြောင်းမူကား လွတ်မြောက်ခြင်းသည် သူရဲကောင်း အာဇာနည်တို့၏ အစွမ်းသာ ရနိုင်သောအရာ ဖြစ်လေသည်။
Oct 19, 2021
ဝိပ္ပလ္လာသတရားဆိုတာ မှောက်မှားသောတရားလို့အဓိပ္ပာယ်ရတယ်။ မှောက်မှားသောတရားက သုံးပါးရှိပြန်တယ်။ သညာဝိပ္ပလ္လာသက အမှတ်မှားသောတရား၊ ဒိဋ္ဌိဝိပ္ပလ္လာသက အယူမှားသောတရား၊ စိတ္တ ဝိပ္ပလ္လာသက အထင်မှားသောတရား။ ဆိုတော့ကာ ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်းသွားရင် ဘာဖြစ်နိုင် သလဲ။ အကျိုးဆက်ကတော့ အမှန်ကို အမှန်လို့မမြင်နိုင်တော့ဘဲ မှောက်မှောက်မှားမှားတွေမြင်ပြီး ကိုယ့်ရဲ့အကျိုးစီးပွားတွေ ဆုတ်ယုတ် ပျက်စီးဆုံးရှုံးစေတတ်ပါတယ်။
Oct 19, 2021
ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်-စာငတ်-စာမပြတ်ဟူသော ကျောရိုးအတိုင်း တင်ပြသွားပါမည်။ ယခုခေတ်တွင် စာမတတ်သူဦးရေ အလွန် နည်းပါးသွားပါပြီ။ “အ”သုံးလုံးကျေးဇူးကြောင့် ယခင် စာမတတ်သူများသည် ယခုရေးတတ်၊ ဖတ်တတ် လာကြသည်။ စာရေးသူပြောချင်သော စာတတ် ဆိုသည်မှာ ပညာတတ်ကြီး မဖြစ်ချင်နေပါစေ။ အနည်းဆုံး စာကိုဖြောင့်ဖြောင့်တန်းတန်း ဖတ်နိုင် နားလည်နိုင်သော အဆင့်ကို ဆိုလိုပါသည်။ စာအုပ် တစ်အုပ်ကို ဖတ်နိုင်စွမ်းရှိသော အဆင့်ကို ဆိုလိုပါ သည်။ ဒီလိုစာတတ်သူတွေ ပေါပေါများများရှိရန် လိုအပ်ပါသည်။ တစ်နိုင်ငံလုံး စာတတ်ကြလျှင် အကောင်းဆုံးပါပေ။
Oct 19, 2021
ယနေ့ကိုဗစ်ကပ်ရောဂါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူသားတွေအားလုံး အဆိုးရွားဆုံးခံစား နေရတဲ့ အကျပ်အတည်းကြီးတစ်ခု ပါပဲ။
Oct 18, 2021
ဆောင်းခိုငှက်တို့ဝင်ရောက်ချိန် ကာကွယ်ထိန်းသိမ်းရန်လို
နှစ်တစ်နှစ်၏ ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ကို မေလတွင်တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် ကျင်းပကြပြီး ထိုလများတွင် ကျရောက်သော ဒုတိယပတ်၏ စနေနေ့ကို ကမ္ဘာ့ရွှေ့ ပြောင်းငှက်များနေ့အဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ (Wond Migratory Bird Day) ကို ၂၀၀၆ ခုနှစ်မှအစပြု၍ ရွှေ့ပြောင်းငှက်နှင့် ၎င်းတို့ကျက်စားရာဒေသများ ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များကို ဦးစားပေးသည့် လူထုအသိပညာပေးရေးအစီအစဉ် မြှင့်တင်ရေး လှုပ်ရှားမှုကို ကမ္ဘာ့တစ်ဝန်း၌ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့သည် ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ရွှေ့ ပြောင်းငှက်များနေ့ ဆောင်ပုဒ်မှာ (Sing. Fly, Soar like a bird) ဖြစ်သည်။
Oct 18, 2021
ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်စာငတ်-စာမပြတ်ဟူသော ကျောရိုးအတိုင်း တင်ပြသွားပါမည်။
Oct 18, 2021
မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်
မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော် နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့သည် ပဝါရဏာ ပြုပွဲများ ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့အတိုင်း မွန်မြတ်သော စိတ်နေသဘောထား ဖြင့် ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမား များကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။