Oct 03, 2021

အများသူငါ လျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာ ဖြစ်နေပါလိမ့်မယ်။ ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂတ်ပန်းတိုင် ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာ ခင်းထားတဲ့ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်ဝင်လှုပ်ရှားနေလေရဲ့။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ယူခင်းပေးထားတဲ့ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့၊ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေ ချောမွေ့စေဖို့ တန်ဆာဆင်ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာဝလေး တစ်ခုကို ခံစားကြည့်ကြပါစို့...၊
Oct 03, 2021
၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဂျူဗလီခန်းမတွင် စာပေဗိမာန်က “သုတစာပေစာတမ်းဖတ်ပွဲ” ကို ငါးရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သုတ စာပေစာတမ်းဖတ်ပွဲတွင် ဆရာကြီး အပါအဝင် စာရေးဆရာ၊ စာပေပညာရှင် ၁၁ ဦးတို့က သုတစာပေဆိုင်ရာ စာတမ်း ၁၁ စောင်ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ သုတစာပေသည် လောက အကြောင်း၊ လူ့အကြောင်းနှင့် ပတ်သက်၍ ဗဟုသုတပေးမှုကို အဓိကထားပြီး တင်ပြရသည့် စာပေမျိုး ဖြစ်သည်ဟု လက်ခံထားသည့် ဆရာကြီးက “သုတ စာပေ (သိပ္ပံ) အရေးအသား” စာတမ်းကို တင်သွင်း ဖတ်ကြားခဲ့ပါသည်။ သိပ္ပံပညာနှင့် ပတ်သက်၍ နှံ့စပ်ခဲ့သည့် ဆရာကြီးပင်ဖြစ်သည်။
Oct 03, 2021
အောက်တိုဘာလ ၅ ရက်နေ့တွင် “ကမ္ဘာ့ဆရာများ နေ့” ကျရောက်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော် အဆင့်သတ်မှတ်ကာ ကျင်းပလျက်ရှိသည်။ မြန်မာ နိုင်ငံအတွင်း မြို့ပြဒေသရော ကျေးလက်ဒေသပါမကျန် ပညာဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်း၊ စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြရာတွင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသောဆောင်ပုဒ် ကိုခံယူလျက်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ပညာရည်ထူးချွန်ထက်မြက်သည့်ကျောင်းသား၊ကျောင်းသူအဖြစ်သို့ဆရာ/ဆရာမများသင်ကြားလေ့ကျင့်ပုံသွင်းလောင်းရာတွင်အသိစိတ်ဓာတ်ဖြင့်စည်းကမ်းကောင်းမွန်ကြသည့်လူရည်မွန်များအဖြစ်သို့လည်းလေ့ကျင့်သွန်သင်လမ်းပြပေးရန်လိုအပ်ပြီး“အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက”ဟူသောအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် မြတ်ဆရာများ၏ တာဝန်သာဖြစ်သည်။
Oct 03, 2021

ကိုဗစ် -၁၉ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများနှင့်စပ်လျဉ်းပြီးကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုစက်တင်ဘာ၃၀ရက်မွန်းလွဲပိုင်းတွင်ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Oct 01, 2021

(၁) အထက်ပါခေါင်းစဉ်က လွန်ခဲ့တဲ့အနှစ် ၂၀ လောက် ကရေးဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ရဲ့ ခေါင်းစဉ်လေးပဲ ဖြစ်ပါတယ်။ တစ်ဖန် ဒီကဗျာလေးကိုပဲ ဆောင်းပါးအဖြစ်လည်း ရေးသားခဲ့ဖူး ပါတယ်။ စာပေဟောပြောပွဲ တော်တော်များများတွင် ဒီကဗျာလေးအကြောင်းရှင်းလင်း ပြောပြခဲ့ပါတယ်။ မြန်မာ့အသံရေဒီယို ကဗျာအမြင်၊ စာအမြင် အစီအစဉ်ကနေပြီးတော့လည်း အကြိမ်ပေါင်း များစွာရွတ်ဆိုဟောပြောခဲ့ပါတယ်။
Oct 01, 2021

လူသားတိုင်းကြုံတွေ့ရမည့်အရာသည် အိုနာသေဘေးဖြစ်သည်။ ထို့ကြောင့် လူသားတိုင်း ဆုတောင်းလေ့ရှိကြသည်မှာ အိုဇာတာကောင်းရေးပင်ဖြစ်သည်။ လူတစ်ဦးသည် ဘဝတစ်လျှောက်လုံး မည်မျှပင်ကြွယ်ဝချမ်းသာနေစေကာမူ အိုဇာတာညံ့နေ မည်ဆိုလျှင် ဘဝနေဝင် ချိန်သည် ပူလောင်နေမည်ဖြစ်သည်။ တချို့သောသူများသည် ငယ်စဉ်ကမပြည့်စုံသော်လည်း အိုဇာတာ ကောင်းသဖြင့် ဘဝနေဝင်ချိန်သည် အေးချမ်းလှပါသည်။ တရားသဘောအရ ကြည့်မည်ဆိုလျှင် ကံ၊ ကံ၏အကျိုးသာဖြစ်သည်။ လူတစ်ဦးသည် အိုဇာတာကောင်းသည် ဖြစ်စေ၊ ညံ့သည်ဖြစ်စေ သား၊ သမီးများနှင့် မျိုးဆက်သစ်လူငယ်များသည် အသက်အရွယ် အိုမင်းနေပြီဖြစ်သော မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးရန် တာဝန်ရှိပေသည်။
Oct 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Oct 01, 2021

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းလာခဲ့သည့်အတွက် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ဖြစ်၍ ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်ပါသည်။
Oct 01, 2021

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၃ နှစ်ကျော်ပြီ။ ကာလအားဖြင့် လူ့သက်တမ်းတစ်ခု ခန့်ရှိပြီ။ လွတ်လပ်ရေးရပြီး မွေးဖွားလာသော တိုင်းရင်းသား ပြည်သူအချို့မှာ လွတ်လပ်သော တိုင်းပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ လွတ်လပ်ရေး၏ ခံစားခွင့်တို့ကို တင်းပြည့်ကျပ်ပြည့် မရခဲ့ကြပါဟုဆိုရမည်။ အဘယ်ကြောင့် မရခဲ့ကြပါသနည်း။ လက်နက်ကိုင်ပဋိပက္ခများကြား မငြိမ်းချမ်းသောဘဝများတွင် နစ်မွမ်းနေကြရသောကြောင့် ဖြစ်သည်။