Dec 07, 2021
ယခုသီတင်းပတ်အကုန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အနည်းဆုံးပြည်နယ် ၁၀ ခုမှာ အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ကူးစက်ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံသား ဒါဇင်ကျော်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ အဲဒီကပ်ရောဂါကို အစွမ်းကုန်တိုက်ဖျက်နေတဲ့အချိန်မှာ အခုလိုအိုမီခရွန်ကူးစက်ဖြစ်ပွားသူတွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Dec 07, 2021

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို | ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းကာလ ရှစ်နှစ်ခန့်ရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
Dec 06, 2021

ယခုရက်ပိုင်းအတွင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ရာတွင်ပါဝင်သည့် တရားခံများနှင့် လုယက်သွားသည့် ငွေများအား လုယက်သည့်နေ့ညပိုင်းနှင့် နောက်တစ်နေ့တွင် ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများ တွင် တွေ့ရပါသည်။ ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့၏ လောင်းကစားပြုလုပ်ခြင်းအတွက် ငွေကြေးလိုအပ်ချက်အရ ဘဏ်လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသညဟု သတင်းတွေမှာ ဖော်ပြပါရှိသည်။
Dec 06, 2021

“ပုခက်လွှဲသော မိခင်တို့၏လက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်သည်”ဟုဆို၏။ သို့သော် မိခင်ဘဝပင် မရောက်လိုက်မီ အကြမ်းဖက်ခံလိုက်ရသည့် အမျိုးသမီးများမှာ မနည်းလှပေ။ အမျိုးသမီးများ၏ ရုပ်ခန္ဓာသဘောသဘာဝအရ နွဲ့နောင်း၊ ပျော့ပျောင်းမှု၊ စိတ်အားငယ်တတ် မှုကို အခွင့်ကောင်းယူ ချိုးနှိမ်ကာ အမျိုးသားများက အကြမ်းဖက်ကြလေသည်။ အချို့ အမျိုးသမီးများဆိုလျှင် အကြမ်းဖက်ခံရသည်ကိုပင် သိရှိနိုင်ခြင်းမရှိဘဲ ဖြစ်ရိုးဖြစ်စဉ် အလေ့အထတစ်ခုအဖြစ်သာ ခံစားသိရှိကြလေသည်။
Dec 06, 2021

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီးဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်) နှင့် ဆရာကြီး ဦးတင် (တက္ကသိုလ်တင်ခ တို့က ပူးတွဲရရှိခဲ့ကြပါသည်။ ဆရာကြီးတက္ကသိုလ်ဝင်းမွန်သည် ပင်ကိုရေးစာပေ များသာမက ဘာသာပြန် စာပေများကို ကလောင်အမည်နှစ်ခုဖြင့် ရေးသားပြုစုပြန်ဆိုခဲ့သူ ဖြစ်ပါသည်။
Dec 05, 2021
ချင်းတိုင်းရင်းသားများနေထိုင်ရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ ချင်းဝိသေသတိုင်းအဖြစ် တည်ရှိခဲ့ပြီး အများပြည်သူတို့၏ ဆန္ဒနှင့်အညီ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။
Dec 05, 2021
ပရိတ်ကြီး(၁၁)သုတ်မှ မင်္ဂလသုတ်၌ “ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ”ဟုပါရှိသည်။ အဓိပ္ပာယ်မှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာမည်၏ ဆိုပါသည်။ ဤသို့ဆိုရသော် မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေး အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ရက်က ကောင်းမြတ်သော မင်္ဂလာတစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ အဖွဲ့ဝင်အသက် ၇၅ နှစ်နှင့်အထက် သက်ကြီး သတင်းထောက်ကြီး ၁၆ ဦးတို့အား စတုတ္ထအကြိမ်မြောက် ဂါရဝပြု ကန်တော့ပွဲကို စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား သန္တိသုခဓမ္မာရုံအတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ခဲ့သောကြောင့် ဖြစ်ပါသည်။
Dec 05, 2021
မျှော်မှန်းသက်တမ်းကို သက်ရောက်စေတဲ့ အခြား အချက်တစ်ခုကတော့ နိုင်ငံအတွင်း လျှပ်စစ်မီး ရရှိမှုပါ။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိမှုကို ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၆၉ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးကို လက်လှမ်းမီခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ နိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုဟာ နိုင်ငံရဲ့ မျှော်မှန်း သက်တမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေမယ့် လျှပ်စစ်မီးရရှိတဲ့အတွက်ကြောင့် လူတွေရဲ့ ဘ၀အရည်အသွေး (Quality of Life) တိုးတက်လာပြီး လူတွေကို အသက်ရှည်ရှည် နေထိုင်စေနိုင်မှာ ဖြစ်တယ်။
Dec 05, 2021
ခေါင်းစဉ်ကိုဖတ်မိတာနဲ့ ဘာတွေကိုငြင်းနေသလဲဆိုတာကို သိချင်ကြမယ် ထင်ပါတယ်။ ငြင်းမရနိုင်တဲ့ သက်သေများလို့ ဆိုတဲ့အတွက် ဒီဆောင်းပါးမှာတင်ပြမယ့် အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ ဖြစ်စဉ်များနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင် အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေများရဲ့ အဖြေက ပိုမိုရှင်းလင်းမှာ ဖြစ်ပါတယ်။
Dec 04, 2021

Global Centre for Responsibility to Protect (GCR2P) အဖွဲ့ရဲ့ အပတ်စဉ်ထုတ် Atrocity Alert (ရက်စက်ယုတ်မာမှုများအသိပေးချက်) စာစောင်အမှတ် ၂၇၈ မှာ “UN Gravely Concerned as Violence Intensifies in Myanmar” ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရ ပါတယ်။ GCR2P ဆိုတာ Responsibility to Protect (R2P) ကို ထောက်ခံတဲ့ နိုင်ငံတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပြီးတော့ အင်အားကြီးနိုင်ငံတွေရဲ့ လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ရာ လိုအပ်တဲ့အကြောင်း အချက်တွေ၊ အပြစ်အနာအဆာတွေကို ရှာပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ကုလသမဂ္ဂမူဘောင်အောက်မှာ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံအပေါ် သတိထားစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်လို့ လျစ်လျူရှုထားလို့မရတဲ့ အဖွဲ့ပါ။ ၎င်းဆောင်းပါးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြခဲ့တာ တွေကို ဖတ်လိုက်ရတော့ မြန်မာပြည်သူတစ်ယောက်အနေနဲ့ အမှန်ကိုတုံ့ပြန်လို စိတ်တွေ ဖြစ်ပေါ်လာမိတယ်။