Skip to main content

လူငယ်စာရင်းများ အရေးပေါ်တောင်းခံနေကြောင်း သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေလျက်ရှိ

၂၀၂၄ ဖေဖော်ဝါရီ ၁၆

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်းဆဲဖြစ်ပြီး ဆင့်ခေါ်ရေးအဖွဲ့များအားလုံး ဖွဲ့စည်းပြီးမှသာ သတ်မှတ်ထားသော နည်းဥပဒေ၊ ညွှန်ကြားချက်များအတိုင်း မြေပြင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူလူထုထိတ်လန့်ကြောက်ရွံ့နေစေရန် မဟုတ်မမှန် လုပ်ကြံသတင်းများထုတ်လွှင့်ပြီး ပြည်သူများ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံသို့ ရောက်ရှိအောင် ရည်ရွယ်ပြီးဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံတော်မှ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီးမှသာ အဆင့်ဆင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။