Skip to main content

စစ်မှုထမ်းဥပဒေအား တိမ်းရှောင်စေရန် တွန်းအားပေး သွေးထိုးလှုံ့ဆော် ရေးသားဖြန့်ဝေလျက်ရှိ

၂၀၂၄ ဖေဖော်ဝါရီ ၁၆

“ပြည်သူတွေ ပြည်ပထွက်ခွာမှုကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ပြည်ဖျက်မီဒီယာတွေက ဖြန့်ဝေနေတာတွေရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်တာမရှိပါဘူး။ စိစစ်တားဆီးတာမရှိဘဲနဲ့ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းကို စနစ်တကျ ဝင်ထွက်ခွင့်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီး ကန့်သတ်ထားတာမရှိဘူးဆိုတဲ့ အကြောင်းကို ရှင်းလင်းစွာ အသိပေးလိုပါတယ်။ ဒါတွေက ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ လူငယ်လူရွယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ တောထဲကိုရောက်အောင်၊ လူငယ်လူရွယ်တွေကိုအကြမ်းဖက် လမ်းစဉ်ကိုရောက်အောင် ပြည်ဖျက်မီဒီယာများနဲ့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေတာဖြစ်ပါကြောင်း” အသိပေးအပ်ပါသည်။