၂၀၂၄ ဖေဖော်ဝါရီ ၁၆
“ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ အပြိုင်အဆိုင်လူသစ်စုဆောင်းလာကြတာကို တွေ့မြင်နေရတယ်။ လူငယ်လူရွယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ တောထဲကိုရောက်အောင်၊ အကြမ်းဖက်လမ်းစဉ်ကိုရောက်အောင် ပြည်ဖျက်မီဒီယာများနဲ့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုတာဝန်ထမ်းဆောင်ရတဲ့သူတွေအနေနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ၂ နှစ် ထမ်းဆောင်ပြီးရင် မူလအခြေအနေအတိုင်း ပြန်လည်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြတဲ့ လူငယ်လူရွယ်များက ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးစကားများကို နားမယောင်ဘဲ အမှား၊ အမှန်ကိုသိရှိအောင် အလေးထားကြဖို့၊ အသိတရားထားကြဖို့ လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
