၂၀၂၄ ဖေဖော်ဝါရီ ၁၆
“ယနေ့အချိန်ထိ စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မ စုဆောင်းတာ၊ စာရင်းကောက်ယူတာတွေ လုံးဝမရှိပါဘဲ ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့သူတွေက အများပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ခြောက်ခြားစေဖို့ ရည်ရွယ်ပြီး “အတင်းအဓမ္မစုဆောင်းနေတယ်၊ ရပ်/ကျေးတွေမှာ စာရင်းများကောက်ယူနေပါတယ်” ဆိုပြီး ပြည်ဖျက်မီဒီယာများက အချိန်ကိုက် သတင်းထုတ်လွှင့်နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ အသိသတိရှိစွာနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လူငယ်တွေကို လမ်းမှားရောက်အောင်သွေးထိုးလှုံ့ဆော်မှုများကို သတိထားကြဖို့ပြောကြားလိုပါတယ်။ ယနေ့အချိန်ထိ စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတွေ နိုင်ငံတကာမှာ အများကြီးရှိတယ်ဆိုတာ ပြောလိုပါတယ်။ ဒါကြောင့် စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်းဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်ရန် အကြောင်းမရှိပါကြောင်း” အသိပေးအပ်ပါသည်။
