Skip to main content

ဒုတိယဝန်ကြီးဦးအေးကျော် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမနနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး တာဝန်ရှိသူများက အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေး၊ ဓာတ်အားလိုင်းနှင့်မလွတ် ကင်းသည့်သစ်ပင်နှင့်သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ငွေကောက်ကောင်တာတွင် ပြည်သူများဓာတ်အားခ လာရောက်ပေးဆောင် နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပဲခူးမြို့အတွင်း ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃ ကေဗွီ အမှတ်(၂) ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများ၊ ဓာတ်အားလွှတ်ပစ္စည်း များအခြေအနေနှင့် မိုးရာသီကာလတွင် ဓာတ်အားခွဲရုံသို့ရေဝင်ရောက် မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး၍ ဓာတ်အားခွဲရုံဝင်းအတွင်း ဝန်ထမ်းများ စိုက်ပျိုးထား ရှိသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီလှော်ကား ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေ၊ လက်ရှိဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့်အသစ် တိုးချဲ့တည်ဆောက်မည့် ၂၃၀ ကေဗွီအရှေ့ဒဂုံ - လှော်ကား ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဝါးတရာ - လှော်ကားဓာတ်အားလိုင်းတို့အတွက် Switch - Bay နေရာလျာထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်