Skip to main content

Oct 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာပုံခန်းမ၌ တက္ကသိုလ်ကောလိပ် ဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၃) မှ သင်တန်းသားများအား နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍဘာသာရပ် သင်ခန်းစာကိုဆွေးနွေးပို့ချရာ ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

National Database စနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၄) ဆွေးနွေးပွဲကို “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများဆက်လက်လှူဒါန်းလျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းနှင့် သာကေတမြို့နယ်စာရေးဆရာအသင်းတို့က အလှူငွေကျပ် နှစ်သိန်းစီ၊ ဦးဖေသက်ညွန့် (ဆွေဇင်ညွန့်) မိသားစု၊ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌဦးမြကျော် (မောင်မြကျော်) နှင့် လေအန်ကုန်းစာပေရပ်ဝန်းတို့က ငွေကျပ်တစ်သိန်းစီ၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ထွဏ်း (တင်တော်) နှင့် မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဆရာပန်းမျိုးခင် (တောင်ဥက္ကလာပမြို့နယ်) နှင့် စာရေးဆရာမင်းမြတ်မိုး(မန်းမြေ) အောင်မြေသာစံမြို့နယ်တို့က အလှူငွေကျပ်နှစ်သောင်းစီပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်) တို့ကလက်ခံယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

ကျင်းပမည့် ရွေးကောက်ပွဲများတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု အေးချမ်းသာယာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးကိုကိုလွင်နှင့် ဦးခင်ဇော်၊ ကော်မရှင်မှတာဝန်ရှိသူများက အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ တစ်နှစ်တွင် အကြိမ် ၄၀၀ ခန့်ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ရှိပါက တစ်နှစ်တွင် အကြိမ် ၅၆၀ ခန့်အထိ တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးကြီးများ တစ်နှစ်ထက်တစ်နှစ် တိုး၍ကျရောက်လာနိုင်ကြောင်းကို အဆိုပါအစီရင်ခံစာက အရေးပေါ်သတိပေး မီးမောင်းထိုးဖော်ပြလိုက်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော သွင်းအားစုများ၊ လုံ့လဝီရိယနှင့်လုပ်အားများ စသည်တို့ပြည့်စုံလုံလောက်စွာ မည်မျှစိုက်ထုတ်လုပ်ကိုင်စေကာမူ ရာသီဥတုဖောက်ပြန်လိုက်သည်နှင့် ကြိုးပမ်းလုပ်ကိုင်ခဲ့သမျှတို့ အရာမထင်သည့်အဖြစ်များကို တောင်သူလယ်သမားတို့ ကြုံတွေ့လာကြရပြီဖြစ်ရာ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးနည်းစနစ်များကိုကျင့်သုံးရန် လိုအပ်လျက်ရှိပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိပြီး NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကြီးကိုလည်း အနှစ်သာရရှိစွာ နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင်ကျင်းပသော တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Third Belt and Road Forum for International Cooperation) သို့တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်းဒေသခံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ်(၂၀၂၃)ကို အောက်တို ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ တွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ဦးလွင်မြင့် ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်နှစ်တစ်ကြိမ်နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ “အဆို၊ အက၊ အရေး၊ အတီး” ပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ “ခေတ်အဆက်ဆက် ယဉ်ကျေးမှု၏ တေးဂီတပဲ့တင်သံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ဆွေးနွေးပွဲကို စလိုက်ကြရအောင်ပါ။ ရွှေကူနန်းနွဲ့နွဲ့။ ။ ကောင်းတာပေါ့ဆရာ။ ဆရာတို့၊ ကျွန်မတို့ အသက်အရွယ်အရ နောက်လူတွေကို ကျွန်မတို့ ဆည်းပူးခဲ့သမျှ၊ သိထားတတ်ထားတာလေးတွေကို မှတ်တမ်း အဖြစ်ထားခဲ့ဖို့ တာဝန်ရှိပါတယ်ဆရာ။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်း (Interna-tional Schools)များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်