Feb 21, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 21, 2024
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်နယ် အောင်ဆန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Feb 21, 2024
(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းသစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများထံ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု ရေအေး KC ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာရှိ အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် Good Brothers ကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဘက်ကုန်းကျေးရွာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ရွှေဆံတော်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေဆံတော်ရင်ပြင် ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်းပြသထားမှုနှင့် ရွှေဆံတော်စေတီတော် အောက်ပစ္စယံ တနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
Feb 21, 2024
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster– 1 တိုက်အမှတ် (၆) ရှိ တရားလွှတ်တော် ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။
Feb 21, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 21, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အပါယ်မကြောက်၊ ငရဲမကြောက် သတ်ဖြတ်နေကြသူများ” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ မြို့တော်အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 21, 2024
မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေးရူဒန်ကိုတို့ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
Feb 21, 2024
စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာ ပြောင်းလဲတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
Feb 21, 2024
အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthen Capacity of National Mechanism for the Advancement of Women in AMS) ကို ယနေ့နံနက် ၈ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်အောင်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၇၃ ခုမှ ပြည်သူ ၅၉၃ ဦး၊ ပန်းတနော်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၅၆ ခုမှ ပြည်သူ ၅၉၂ ဦး စုစုပေါင်း ၁၁၈၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးကြသည်။
Feb 21, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စာသင်ခန်းများအတွင်း ဆရာ ဆရာမများက ဘာသာရပ်များကို သင်ကြားနည်းစနစ်တကျဖြင့် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှု သည်။
Feb 21, 2024
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အာဆီယံ- ဂျပန်စင်တာမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
Feb 21, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် Horizon Lake View Resort ၌ အလုပ်သဘောနေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံ တွေ့ဆုံဆွေးနွေးသည်။
Feb 21, 2024
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။
Feb 21, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ အာဆီယံဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အာဆီယံစီမံချက်ရေးဆွဲရေးသင်တန်း (ASEAN Project Development Training) ဖွင့်ပွဲကို နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Feb 21, 2024
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်မှ တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
