Feb 22, 2024
ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများအတွက် သုတေသနဆိုင်ရာအရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းသား ဆရာ ဆရာမများနှင့် ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 22, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 22, 2024
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 22, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 22, 2024
တရားမဝင်ကုန်သွယ်မှု သို့မဟုတ် ဝိသမစီးပွားရှာမှုသည် နိုင်ငံအကျိုးစီးပွားကို ကြီးစွာထိခိုက်နိုင်သည်။ တစ်ချိန်သောကာလက တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သဖြင့် မှောင်ခိုစီးပွားရေးစနစ်အားကောင်းပြီး တိုင်းပြည်ပြိုလဲပျက်စီးသည့်အဖြစ်သို့ပင် ရောက်ရှိခဲ့သည်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့ဖူးသည်။ မျက်မှောက်ကာလတွင် တံခါးဖွင့်စီးပွားရေး (ဝါ) ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျက်ရှိသော်လည်း တရားမဝင်ကုန်သွယ်မှု ဆက်လက်အားကောင်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
Feb 22, 2024
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့် နေ့ရက် သတ်မှတ်ပြီးသည့်နောက်ပိုင်း လုပ်ကြံဖန်တီးမှုများနှင့် ကောလာဟလပေါင်းစုံတို့ မြို့ရွာဒေသအသီးသီးတွင် အတောမသတ်နိုင်အောင် ပေါ်ထွက်လာသည်။ အဆိုပါလုပ်ကြံ ဖန်တီးမှုများနှင့် ကောလာဟလများ၏ ရည်ရွယ်ချက်များမှာ ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ရေး၊ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရေးနှင့် ဆန့်ကျင်သည့်စိတ်များ ဖြစ်ပေါ်လာစေရေး၊ လူငယ်လူရွယ်များ အကြမ်းဖက်လမ်းစဉ်သို့ လွဲမှားစွာ ရောက်ရှိသွားစေရေး စသည်တို့ပင်ဖြစ်သည်။
Feb 21, 2024
(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 21, 2024
၂၀.၂.၂၀၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲသံများကြားရသဖြင့် ကျောက်တံခါး-ပိန်းဇလုပ် ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရပါသည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၁ ရက်နေ့ထိ အပန်းဖြေခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Feb 21, 2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ လူသွားလူလာရှင်းသည့်နေရာများတွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Feb 21, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ခြင်းကြောင်း ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံ၊ သီလရှင်ကျောင်းနှင့် လူနေအဆောက်အဦများ ပိုမိုပျက်စီးခဲ့ရကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကို ပြည်သူများအထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၃ ရက်တာအတွင်း ည ၈ နာရီနောက်ပိုင်း အပြင်မှာတွေ့ရှိသည့် လူငယ်လူရွယ် အမျိုးသား ၂၀ ဦးကျော်ကို ကျေးရွာထိပ်တွင် ကင်းပုန်းချထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါလူငယ်များကို စစ်သင်တန်းပေးမည်ဟု ကောလာဟလသတင်းအမှားများကို လူငယ်လူရွယ်များနှင့် မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာအချို့က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
ရန်ကုန်မြို့မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို လေယာဉ်ဖြင့်ပြန်လာသည့် ခရီးသည် ၆၀၀ နီးပါးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က အဆိုပါ လေဆိပ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်သူများကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်အမြင်လွဲမှားစေမည့် သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Feb 21, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရ မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Feb 21, 2024
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
မြန်မာနိုင်ငံပြတိုက်များဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အငြိမ်းစားပညာရှင်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်။ သန်းခေါင်စာရင်း၏ ထူးခြားသောအရည်အသွေးတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်သည်။ ကောက်ယူရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ်အဆင့်တိုင်းတွင် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် အထောက်အထားပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သည်။
Feb 21, 2024
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အင်ပင်သာကျေးရွာ၊ ခမည်းတော် ဦးမြင့်+ မယ်တော် ဒေါ်ရွှေကုံးတို့မှ ၁၂၉၁ ခုနှစ် သီတင်းကျွတ် လဆန်း (၁၃) ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
Feb 21, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ အောင်သပြေရပ်ကွက်လေသာကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တစန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သက်တော် (၉၅) နှစ်၊ သိက္ခာတော် (၇၅) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၉)ရက် (၁၈-၂-၂၀၂၄)ရက် တနင်္ဂနွေနေ့ ည ၈ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
