နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် Mr. Daba Debele Hunde ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုကျိုမြို့တွင် အခြေစိုက်သည့် သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်တာဝန်ပေးအပ် ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်ရေးပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်