Skip to main content

Feb 22, 2024

ဟားခါးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည်သာသနဗိမာန် သို့သွားရောက်၍ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး-ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ် သာသနာပြုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်းများကို စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်စာရင်းပေးရမည်ဖြစ်ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က အများပြည်သူအထင်အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

မွန်ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်စုစုပေါင်း ၅၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲနေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောလင်းမြို့ရှိ ကျေးရွာများကိုမီးရှို့ရန်စေခိုင်းသည့် အသံဖိုင်တစ်ခုထွက်ပေါ်လာကြောင်း၊ အဆိုပါအသံဖိုင်တွင် ဆေးမင်းခုံကျေးရွာအားမီးရှို့ရန် လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးမှ ဆက်သွယ်ရေးစကားပြောစက်ဖြင့် အမိန့်ပေးစေခိုင်းသည့်ပုံစံမျိုး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံထားသည့် အသံဖိုင်တစ်ခုကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်အား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကြံခင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၅ ခုမှ ပြည်သူ ၅၀၂ ဦး၊ ဓနုဖြူမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၁ ခုမှ ပြည်သူ ၅၀၅ ဦး စုစုပေါင်း ၁၀၀၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စုပေါင်းကာယ လေ့ကျင့်ခန်းနှင့် အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဘော်လီဘောနှင့် ပြေးခုန်ပစ် အားကစားပစ္စည်းများကို မကြာမီ ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူတိုင်း တတ်မြောက် ရုံသာမက ထူးချွန်အောင် လေ့ကျင့်ကြရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်းရှိ ပြာသာဒ်အဆောင်အမှတ်(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ စီးပွားရေးဆိုင်ရာ အသိဉာဏ်ဗဟုသုတများတိုးပွားစေရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို နားလည်သိရှိစေရန် ရည်ရွယ်၍ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ပြည်ပအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲအတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၅၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကောင်စီဝင်များ လပတ်ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ ဝန်ထမ်းရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများမှာကြားပြီး တက္ကသိုလ် စာကြည့်တိုက်နှင့် ပြတိုက်တို့ကို ကြည့်ရှုလေ့လာသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာ ဆရာမများနှင့် ဝန်ထမ်း ၁၄၄ ဦး၊ ကျောင်းသား ကျောင်းသူ ၁၃၇၄ ဦး စုစုပေါင်း ၁၅၁၈ ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများ၊ အကျဉ်းဦးစီးဌာန ပုသိမ်အကျဉ်းထောင်နှင့် ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပုသိမ်(ရုံးခွဲ)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ် သိမြင်နားလည်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်