စစ်မှုထမ်း ပထမအပတ်စဉ် မပါအောင် ပြည်ခရိုင်အတွင်း၌ ငွေတောင်းနေဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ
Feb 18, 2024
“ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းတွေကို လုပ်ကြံဖန်တီးပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်အောင် ထုတ်လွှင့်နေတာရှိပါတယ်။ လက်ရှိအချိန်ထိ စစ်မှုထမ်းဆောင်ဖို့ မြေပြင်စာရင်း ကောက်ယူမှုမရှိသေးဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေပါအတိုင်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဆင့်ဆင့် ဆင့်ခေါ်ရေးကော်မတီများ ဖွဲ့စည်းပြီးမှသာ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းများကို ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှာဖြစ်ကြောင်း” အသိပေးအပ်ပါသည်။
Feb 18, 2024
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနဲ့ ထမ်းဆောင်ရမည့် ကာလ၊ တာဝန်ကနေ ကင်းလွတ်ခွင့်ရရှိသူတွေကို စနစ်တကျ ထည့်သွင်းဖော်ပြထား ပါတယ်။ ယာယီရွှေ့ဆိုင်းခွင့်အတွက်လည်း စနစ်တကျစိစစ်ပေးသွားမှာဖြစ်ပေမယ့် အသက်အရွယ်ကျော်လွန်သွားရင်တောင် သတ်မှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဆောင်ရမယ့်ကာလကို ပြည့်မီအောင် ထမ်းဆောင်ရမှာဖြစ်ကြောင်း တိကျစွာထည့်သွင်းပြဋ္ဌာန်းထားရှိပြီးဖြစ်တယ်။ ဒါတွေကို မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြတဲ့ လူငယ်လူရွယ်တွေက မသိနားမလည်ဘဲ ပြည်ဖျက်မီဒီယာတွေနဲ့အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အသိတရားမဲ့စွာ ဆောင်ရွက်မိရင် တစ်သက်လုံး နောင်တ တရားများထွေးပွေ့ရင်း တောထဲမှာပဲ နေသွားကြရပါမယ်။ လူတိုင်းရွံရှာတဲ့ အကြမ်းဖက်သောင်းကျန်းသူဘဝကို ရောက်ရှိသွားပါလိမ့်မယ်။
Feb 18, 2024
“ပြည်သူ့စစ်မှုထမ်းရမယ့်ကာလကို စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းက (၂) နှစ်၊ တပ်မတော်စက်မှုလက်မှုပညာသည်တွေနဲ့ ကျွမ်းကျင်သူတွေက (၃) နှစ် တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားအား တရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် စစ်မှုထမ်းကာလပြီးဆုံးချိန်မှာလည်း စစ်မှုထမ်းဆောင်ပြီး ကြောင်းလက်မှတ်ကို ကိုင်ဆောင်ကာ နိုင်ငံသားတစ်ယောက်တာဝန်ကျေပွန်ပြီးဖြစ်သည့်အတွက် မည်သည့်နေရာ၊ မည်သည့်အလုပ်အကိုင်မျိုးကိုမဆို ဂုဏ်ယူဝံ့ကြွားစွာနဲ့ သွားလာလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
Feb 18, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 18, 2024
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံသည်။
Feb 18, 2024
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင်များ ညီလာခံကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ Hybrid ပုံစံဖြင့်ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 18, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 18, 2024
စက်မှုဝန်ထမ်းဟောင်းများ၏ ဒသမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ထမ်းဟောင်းများအသင်းနာယက၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အသင်းဝင်ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။
Feb 18, 2024
ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် ရွှေထွန်းကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 18, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိရာ တာဝန်ခံက ဆီများပြည်ပမှ မှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်းစားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Feb 18, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင်စိုက်ပျိုးမြေ ခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးနည်း(Strip Cropping)စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးသည်။
Feb 18, 2024
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လှပဒါးကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၂၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၅ ဦးတို့ကို အဆိုပါကျေးရွာရှိ မဟာဗောဓိဝံသကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အနီဃာသီလရှင် ပရိယတ္တိစာသင်တိုက်ရှိ သာသနာ့နွယ်ဝင်သီလရှင် ၁၄၈ ပါးတို့ကို အဆိုပါ စာသင်တိုက်၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 18, 2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး (အောက်ဝဲပုံ) အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Feb 18, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ တရားမဝင်အခြားသစ် ၀ ဒသမ ၂၂၀ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၈၀ ကို သစ်တောဥပဒေအရလည်းကောင်း၊
Feb 18, 2024
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်) ရှိ အဘိုး၊ အဘွားများအတွက် အလှူ ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီရုံး၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 18, 2024
(၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများညီလာခံ၊ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (59th SEACEN Governors’ Conference / High Level Seminar) နှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Feb 18, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့တွင်းနှင့် ဒလမြို့တို့ကို ဆက်သွယ်သည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 18, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ကလောမြို့တို့ရှိ PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 18, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ သိမ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစက္ကိန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Feb 18, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။
