Feb 24, 2024
(၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Feb 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြို့တွင်းရပ်ကွက်၂ ခုကို တပ်မတော်က မီးရှို့တာ၊ ဒရုန်းကနေ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 24, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 24, 2024
တပ်မတော် (ရေ) မှ ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိစက်လှေအား သတင်းအရရှာဖွေရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ) ကျော်ကြီး၊ လှမြင့်ထွန်း နှင့် ရဲကျော်သူ (ခ) ကိုရဲတို့ ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိအိုက်စ် (မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 24, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Feb 24, 2024
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
Feb 24, 2024
ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်းကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ်မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
Feb 24, 2024
ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲသော တိုင်းပြည်အနာဂတ်ကို တည်ဆောက်သည့်အခါတွင် ပညာကို အခြေခံသည့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်တွင် ဉာဏဗလဖြစ်သည့် ပညာတတ်လူငယ်များ စဉ်းစားချင့်ချိန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာများ တိုးပွားလာအောင် ဖန်တီးပေးကြရမည်ဖြစ်သည်။
Feb 23, 2024
တပ်မတော်(ရေ)မှ ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်”စက်လှေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနှင့် ထွန်းဦးတို့ ၅ ဦးအား တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ်ပြင်သွားစက်လှေပိုင်ရှင် တင်ရှိန်နှင့် စိုးရန်နိုင်(ခ) နောင်နောင်အား ပုသိမ်မြို့တွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဌေးအောင်(ခ)ပေါက်စအား ကျောင်းကုန်းမြို့နယ်တွင်လည်းကောင်း
Feb 23, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း အဆိုပါဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က မံစီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA ၊ PDF အမည်ခံအကြမ်းဖက်သမားများ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗန်းမော်မြို့သို့ ခေတ္တတိမ်းရှောင်လာသူများဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ၎င်းဂိတ်တွင် ဖမ်းဆီးမှုများရှိကြောင်း ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 23, 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တည်းခိုခန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဧည့်စာရင်းစစ်ဆေးပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း အထင်အမြင်လွဲမှားဖွယ် ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 23, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 23, 2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 23, 2024
တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံ သူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Feb 23, 2024
မိဘပြည်သူများအား Online မှတစ်ဆင့် အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေပေးခြင်းများ ပြုလုပ်၍ ၎င်းချေးငွေများအား အမြန်ဆုံးပြန်လည်ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်းမရှိပါက အဆိုပါချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည်ဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များ၊ အခြားသတင်းအချက်အလက်များအရ သိရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မှုခင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
Feb 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံက လူမှုဖူလုံရေးဆေးခန်းနှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေးမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Feb 23, 2024
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ယနေ့နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။
Feb 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝန်ထမ်းများကို အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်း အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
