Aug 11, 2020
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများအား အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 11, 2020
သြဂုတ်လ(၁၁)ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ပဲခူးတိုင်းဒေသကြီး မြိုပြဖွံ့ဖြိုး တိုးတက်ရေးကော်မတီ (Urban Development Committee Bago) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
Aug 11, 2020
ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် ဝင်ငွေအသစ်များ ရရှိစေရန်နှင့် လူမှုအဆင့်အတန်းကို တိုးမြှင့် လာစေရေးအတွက် ရည်ရွယ်ပြီး SME ချေးငွေ လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစားအလတ်စား လုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်သူများအား ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြိူ့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Aug 11, 2020
ကချင်ပြည်နယ်အတွင်း မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
Aug 11, 2020
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီခွဲခန့်က ဘားအံမြို့ဇွဲကပင်ခန်းမတွင် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 11, 2020
၁။ (၁၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -
ကော့မှူး၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကြည့်ရှုစစ်ဆေး
Aug 11, 2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ညောင်ကုန်းလမ်းဆုံ၌ 33KV/5MA တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တည်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Aug 11, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်း 28: 4200 4G COVID-19 Economic Relief Plan (CERPal Action Plan ပါ ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုဖြင့် ဆောင်ရွက်သည့် ငါးမွေးတောင်သူများသို့ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်းကို ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ရှိ ငါးမွေး တောင်သူ ၆၆ ဦး၊ ဧရိယာ ၂၄၈ ဒသမ ၃၄ ဧကသို့ တစ်ဧက ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ကောင်ရေ ၄ သမ ၉၆ သိန်းကို သတ်မှတ် နေ့ရက်များ၌ ထောက်ပံ့ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Aug 11, 2020
မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် လျက်ရှိပြီး မြန်မာနေရှင်နယ် လိဂ်ကလပ်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ တို့ဖတ်နမူနာ ရယူစစ်ဆေးခဲ့သည်။
Aug 11, 2020
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ် ခဲ့ကြောင်းသိရသည်။