Skip to main content

Aug 13, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ သာသနာ့ဗိမာန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဦးစိုင်းစိန်လင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်သည် ယမန်နေ့ ည ၈ နာရီက အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်း ကြေညာထားမှုကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက်(၈)နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ၍ တောင်သူများ လက်ဝယ်အရောက် ပုံစံ(၇)များပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး​အောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယ​မန်နေ့ နံနက်ပိုင်း က ပုသိမ်တံတားအမှတ် ၂ (ငဝန်မြစ်ကူးတံတား) တည်​ဆောက်​ရေးကို သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် နိုင်ငံတော် အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂ဝ၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသည ထောက်ပံငွေများကို ယမန်နေ့ နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန (ရန်ကုန်) ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်