ကျောက်တော် ဩဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်း 28: 4200 4G COVID-19 Economic Relief Plan (CERPal Action Plan ပါ ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုဖြင့် ဆောင်ရွက်သည့် ငါးမွေးတောင်သူများသို့ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်းကို ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ရှိ ငါးမွေး တောင်သူ ၆၆ ဦး၊ ဧရိယာ ၂၄၈ ဒသမ ၃၄ ဧကသို့ တစ်ဧက ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ကောင်ရေ ၄ သမ ၉၆ သိန်းကို သတ်မှတ် နေ့ရက်များ၌ ထောက်ပံ့ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့က စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပထမအကြိမ်ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်သူ ၂၅ ဦးရှိခဲ့ပြီး ကျောက်တော်မြို့နယ်မှ ငါးမွေးတောင်သူလေးဦးသို့ ပေးအပ်ရမည့် ငါးသားပေါက်ကောင်ရေ ၁၅၂၃၀၀ အနက် ပထမအကြိမ် ကောင်ရေ ၇၀၀၀၀ ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်