ကော့မှူး သြဂုတ် ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ညောင်ကုန်းလမ်းဆုံ၌ 33KV/5MA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တည်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါးသိင်္ခကျေးရွာ၌ AMI စနစ် တပ်ဆင်ထားသောကြောင့် မိမိအိမ်ရှိ Smatphone ဖြင့် အလွယ်တကူ မီတာကြည့်ရှုနိုင်နေမှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့သစ်ရပ်ကွက်မြို့နယ် အားကစား ခန်းမပြုပြင်နေမှု အခြေအနေများ မကျီးကန် ကျေးရွာ၌ စုပေါင်းရုံး တည်ဆောက်နေမှု အခြေအနေများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တို့အား ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ ကော့မှူး