နေပြည်တော် ဩဂုတ် ၁၀
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ် ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ စိန်ပန်းရပ်ကွက်နေ ကျော်မင်းစိုး (ခ)ဦးစိုးနှင့် ဒေါ်အေးသန်းကြည် တို့သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဆိတ်ငူကျေးရွာနေ မxxx (၂၀နှစ်)အား ဘဝရပ်တည်ရန်ခက်ခဲမှုကို အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှု အတွက် အင်းရွာနယ်မြေရဲစခန်းက (ပ) ၂၃/ ၂၀၁၉၊ လူကုန်ကူမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ကသာခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ သြဂုတ် ၅ ရက်တွင် တရားခံ ကျော်မင်းစိုး (ခ)ဦးစိုးနှင့် ဒေါ်အေးသန်းကြည်တို့အား အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား