Skip to main content

သာသနာ့ဗိမာန်အတွက် အလှူငွေကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း အခမ်းအနား ရွှေကူမြို့၌ ကျင်းပ

ရွှေကူ သြဂုတ် ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ သာသနာ့ဗိမာန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဦးစိုင်းစိန်လင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆို၍ ရတနာသုံးပါး ကန်တော့ကာ ငါးပါးသီလ ခံယူပြီး သာသနာ့ဗိမာန်တော်ကြီးအတွက် အလှူငွေကျပ်သိန်း (၁၀၀) အား ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်က ပေးအပ်လှူဒါန်းရာ သာသနာ့ဗိမာန် ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်မှ လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ ပင့်သံဃာတော် အရှင်မြတ်တို့အား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)