Dec 23, 2020
ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိပြီး UNESCO တင်သွင်းရန် အဆိုပြုထားသော ဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် ကရင် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ Online Meeting ဆွေးနွေးပွဲကို ကျင်းပသည်။
Dec 23, 2020
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 23, 2020
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပခဲ့သည်။
Dec 23, 2020
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
Dec 23, 2020
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀)ကိုဒီဇင်ဘာ ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 23, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စမ်းမာလာဥယျာဉ်အတွင်း ကွန်ကရစ်တံတားတည်ဆောက်နေသည့် လုပ်ငန်းခွင်အား ဒီဇင် ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်စည် နှင့် ကော်မတီဝင်များအား မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။
Dec 23, 2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့ရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင် - စင်ခွန်နယ်စပ် ဂိတ်မှ ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့မှုများကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှစတင်ကာ ထိုင်းနိုင်ငံဘက်က ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပရကျွပ်ခီရီခန်ခရိုင် တာဝန် ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။
Dec 23, 2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၂၀၈၀ ဒသမ ၉၄ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၁၆ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင် ခံစာအရ သိရှိရသည်။
Dec 23, 2020
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 23, 2020
စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် RC နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင် ဆောင်ခန်းမ(၂)၌ ကျင်းပသည်။