Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်(၁၄/၂၀၂၀) ကျင်းပ

ထားဝယ်    ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀)ကိုဒီဇင်ဘာ ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က ယာဉ်လိုင်းပြေးဆွဲမှုများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ မကြာမီပြေးဆွဲစေ မည်ဖြစ် ကြောင်း၊ Test kit ဝယ်ယူရန် အတွက်တစ်တိုင်းလုံးအတိုင်းအတာဖြင့်ဝယ်ယူရန်တင်ပြထားပြီးဖြစ်ကြောင်း ၊ မည်သည့်ဘာသာရေး အခမ်းအနားများကို မဆိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ ညွှန်ကြား ချက်အတိုင်းတိတိကျကျ လိုက်နာ၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ Mask များတပ်ဆင်ရာတွင်လည်း စနစ်တကျ  မဖြစ်မနေ တပ်ဆင် ကြစေရန်အတွက် အဖွဲ့များဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တရားမဝင်ခိုးဝင်လာသောသူများကိုဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)