နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၁ ဒသမ ၉၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၄၁ ဒသမ ၉၆ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၄၃ ဒသမ ၈၉ သန်းဖြစ်ပါသည်။ ပုံမှန် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅၅ ဒသမ ၅၀ သန်း၊ နယ်စပ်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၅၅ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၃၇ ဒသမ ၀၅ သန်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၂၀၈၀ ဒသမ ၉၄ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၁၆ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင် ခံစာအရ သိရှိရသည်။
သတင်းစဉ်