Jan 12, 2021
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်(၆)လုံးသည် ယနေ့ နံနက် ၄ နာရီ ၁၀ မီနစ်ခန့်က လောင်ကျွမ်းပျက်စီးသွားပြီး အမျိုးသမီး(၂)ဦး သေဆုံးသွားသည်။
Jan 12, 2021
ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
Jan 12, 2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်(၁ဝး၃၀)နာရီက လွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဟိန်းသူဝင်းတို့နှင့်အတူ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု၍ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်းခဲ့သည်။
Jan 12, 2021
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အနောက်ခြမ်းနှင့် အရှေ့ခြမ်းဟူ၍ နှစ်ပိုင်းခွဲပြီး မြန်မာ့မီးရထားက ဆောင်ရွက်ခဲ့ရာ အနောက်ခြမ်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာ့ မီးရထား အမှတ် (၇)တိုင်းက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
Jan 12, 2021
ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီ ချက်အရဆိုလျှင် အသက် ၁၈ နှစ်မပြည့်သေးသည့် အရွယ်ကိုကလေး သူငယ်များ ဖြစ်သည်ဟူ၍ သတ်မှတ်ထား၏။
Jan 12, 2021
မြန်မာနိုင်ငံသမိုင်းကြောင်းတွင် လူထုတစ်ရပ်လုံး တညီတညွတ်တည်း လှုပ်ရှားခဲ့ကြသည့် အောင်မြင်မှု သမိုင်းမှတ်တိုင်များကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးအရေး၊ တိုင်းပြည်နှင့် လူမျိုးအရေးကို ရှေးရှုသည့် အမျိုးသားလှုပ်ရှားမှုများတွင် အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါသည်။ မျက်မှောက်ကာလ နိုင်ငံတော်ကို အသွင်ကူးပြောင်းတည်ဆောက်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျော်ဖြတ်နေကြပါသည်။
Jan 11, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဘဏ်မှထောက်ပံ့ သော Pandemic Emergency Facility (PEF) Grant ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များမှ အခြေခံ ကျန်းမာရေး ပညာရှင်များ အတွက် ကျန်းမာရေးပသိပညာမြှင့်တင်ရေး လက်စွဲစာအုပ်ကို အသုံးပြု၍ Training of Trainers on Capacity Building of Basic Health Service Professionals on community engagement amid the COVID-19 pandemic အား(Zoom) ဖြင့်သင်တန်းပို့ချမည့် ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၌ ကျင်းပသည်။
Jan 11, 2021
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ နှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။
Jan 11, 2021
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရား(၃)ဆူ(ဘုရားအမှတ်၊ ၄၇၇၊ ၄၇၈ နှင့် ၄၇၉ တို့ပြုပြင် ထိန်းသိမ်းခြင်း စီမံကိန်းအစီအရင်ခံစာတင်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။