နေပြည်တော် ဒီဇင်ဘာ ၂၃
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးအစည်းအဝေး ခန်းမ၌ကျင်းပ ရာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းကဏ္ဍတာဝန်ခံ ဦးအေးမောင်စိန်က လုပ်ငန်းများစိစစ် ဆောင်ရွက် ချက် များနှင့် စပ်လျဉ်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးဇော်မိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက်ဆွေးနွေး တင်ပြကြရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်တို့က ဆွေးနွေးမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)