Mar 12, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောက်လုပ်ရေးကဏ္ဍ မှတစ်ဆင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ဝင်ငွေနည်း ပြည်သူများ၏ နေထိုင်ရေး အဆင် ပြေစေရန် ရည်ရွယ်၍ “ ပြည်သူ့အငှားအိမ်ရာ အခန်း ( ၁၀၀၀၀ ) တည်ဆောက်ရေးစီမံကိန်း ” ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 12, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားသည့် တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း(One Stop Service-OSS) က တာဝန်ခံအရာရှိများကို ယနေ့ မွန်းလွဲပိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တွင် တွေ့ဆုံ သည်။
Mar 12, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေး မှူးတို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း (ရဲဒိကျေးရွာ) နှင့် အမှတ်(၁၉) အခြေခံ ပညာ အထက်တန်းကျောင်း သို့သွားရောက် ၍ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိ မှုများကို လှည့်လည်ကြည့်ရှု သည်။
Mar 12, 2021
တစ်ဧကချင်း တောင်သူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် မြစ်ရေတင် လုပ်ငန်းများက ပံ့ပိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျပျိုး ဥယျာဉ်နှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးဝန်းရှိ ပျိုးဥယျာဉ်များကို ကြည့်ရှုစစ်ဆေးသည်။
Mar 12, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကဘဏ်များမှ ဘဏ်တာဝန်ခံ များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမတွင် ကျင်းပသည်။
Mar 12, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီနှင့် အောင်လံမြို့၊ ပဲခူးမြို့၊ သာယာဝတီမြို့၊ ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)နှင့် သိမ်ဇရပ်မြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် (၀.၂၄)လက်မ၊ ရေးမြို့တွင် (၀.၁၆) လက်မနှင့် လောင်းလုံမြို့တွင် (၀.၀၈)လက်မတို့ ဖြစ်ကြပါသည်။
Mar 12, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ကျင်းပပြုလုပ်ပြီးသတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှု များ ကိုပြန်လည်ဖြေကြားသည်။