Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေ အနေများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၂ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေး မှူးတို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း (ရဲဒိကျေးရွာ) နှင့် အမှတ်(၁၉) အခြေခံ ပညာ အထက်တန်းကျောင်း သို့သွားရောက် ၍ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိ မှုများကို လှည့်လည်ကြည့်ရှု သည်။ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စာဖတ်အလေ့အကျင့်ကောင်းများပြုစုပျိုးထောင်ရန် ပြည့်စုံကောင်းမွန်သော ကျောင်းစာကြည့် တိုက်များ ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါ ကြောင်း၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် ဖွင့်ချိန်နှင့် စာကြည့်တိုက် တာဝန်ခံဆရာဆရာမများ သတ်မှတ်ထားရှိဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ကျောင်းစာကြည့်တိုက်အတွက် လိုအပ်သော စာအုပ်စင်၊ စာအုပ်ဗီဒို များ၊ ရွှေသွေးဂျာနယ်၊ မိုးသောက်ပန်း ကဲ့သို့သော ကျောင်းသားကျောင်းသူများ ကြိုက်နှစ်သက်သည့် သုတ၊ ရသစာအုပ် စာစောင်များ ဖြည့်ဆည်းပေး ရမည်ဖြစ်ပါ ကြောင်း၊ စာသင်ခုံများ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းသား လူငယ် များကိုယ်တိုင် မိမိစာသင်ခုံသပ်ရပ်ရေးအတွက် တာဝန်ယူမှု အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးရန်ဖြစ်ပါကြောင်း၊ စာသင်ဆောင်၊ စာသင်ခန်းများ၊ မျက်နှာကျက် များ၊ အန္တရာယ်ရှိလျှပ်စစ်ကြိုးများ၊ မီးဘုတ်ခုံများ ပြင်ဆင်မွမ်းမံ ထားကြရမည်ဖြစ်ပါ ကြောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ် ထားသော ကျောင်းဆောင်များ ကို ဆက်လက်အသုံးမပြုဘဲ ဖျက်သိမ်းရမည်ဖြစ်ပါကြောင်း၊ ကျောင်း အတွက် လိုအပ် သော စာသင်ဆောင်၊ သိပ္ပံခန်းသုံး လက်တွေ့ ပစ္စည်းများနှင့် ဆရာဆရာမ ဝန်ထမ်း အိမ်ရာများ၊ သန့်စင် ခန်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း။ ဆရာ ဆရာမများအနေဖြင့် အရည်အသွေးရှိသော ပညာရေးစနစ် အကောင် အထည်ဖော်နိုင်ရေးအတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်း ကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားရေး အရည်အသွေးမြင့်မားရေးအတွက် အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများကို မတ် ၁၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ဘီအီးဒီ ပညာရေး ဘွဲ့သင် တန်းများကို သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ သော ဆရာဆရာမများက နီးစပ်ရာ ပညာရေး ဒီဂရီကောလိပ်များတွင် တက်ရောက် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ရှိ ဆရာ ဆရာမများ အနေဖြင့် ဘီအီးဒီ ပညာရေးဘွဲ့သင်တန်းများကို နီးစပ်ရာ တောင်ငူပညာရေး ဒီဂရီကောလိပ်၊ မိတ္ထီလာ ပညာရေး ဒီဂရီကောလိပ်များတွင် သင်ကြားသင်ယူနိုင် ပါက ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုတိုး တက်လာမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားရေးနှင့်စီမံခန့်ခွဲရေး ပြင်ဆင်ဆောင်ရွက် မှုများကို သတ်မှတ်ကာလအတွင်း ထိရောက်မြန်ဆန်စွာပြီးစီးနိုင်ရေးအတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုပါကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအတွင်း ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)