နေပြည်တော် မတ် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ကျင်းပပြုလုပ်ပြီးသတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှု များ ကိုပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီတက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများကလိုအပ်သည့် ကျန်းမာ ရေးဆိုင်ရာများဆောင်ရွက်ပေးပြီးသတ်မှတ် အကွာအဝေးအတိုင်း နေရာချထား ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကရှင်းလင်းပြောကြားရာတွင်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖေဖော်ဝါရီလ တစ်လတာအတွင်းနိုင်ငံတော် အေးချမ်း သာယာရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍ ပေါင်းစုံ ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှုအသွင်(Riot)၊ ၎င်းမှ မင်းမဲ့စရိုက်ဆန် သောလူအုပ်စု(Anarchy Mob) အသွင်သို့ကူးပြောင်းလာသည့်အခြေအနေများ၊ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လမ်းပန်းဆက်သွယ် မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများရပ်တန့်စေ ရေး CDM လုပ်ဆောင်လာမှုနှင့် CDM တွင်ပါဝင်လာစေရန် ခြိမ်းခြောက် လှုံ့ဆော်လာသည့်အခြေအနေများ၊ တရားမဝင်သည့် CRPH အဖွဲ့ကို ဖွဲ့စည်း ပြီး လူထုဆူပူအုံကြွမှုမြင့်မားလာစေရေး၊ အာဏာဖီဆန်ရေးလုပ်ငန်းစဉ်နှင့် အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ်သို့ တွန်းတင်ခဲ့ပြီး အနာဂတ် လူငယ် လူရွယ်များကို လမ်းပေါ် မထွက်၊ ထွက်အောင် တွန်းအားပေးဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်းကာလတို့တွင် ဖြစ်ပေါ်ခဲ့သည့် မင်းမဲ့စရိုက်ဆန်စွာ ဆန္ဒပြမှုများနှင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ မလေးရှားနိုင်ငံ၊ အိနိ္ဒယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ရှိ မြန်မာနိုင်ငံသားများ၊ ပညာတော်သင် သံဃာတော်များကို တပ်မတော်ရေယာဉ်၊ လေယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ပေးခဲ့သည့်အခြေအနေများ။
CDM လုပ်ဆောင်မှုများကြောင့် ကျန်းမာရေးကဏ္ဍတွင် ပြည်သူလူထု အခက်အခဲဖြစ်ခဲ့ရမှုများနှင့် တပ်မတော် ဆေးရုံများ၊ ပြည်သူဆေးရုံများတွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ CDM တွင်ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေးအမည်ခံကာ သွေးထိုးလှုံ့ဆော်မှုများ၊ ငွေကြေးအလှူခံ အလွဲသုံးစားလုပ်နေသူများကို ထိရောက်သည့်အရေးယူမှုများ ပြုလုပ်လျက် ရှိသည့် အခြေအနေများ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု Corruption နှင့်အလွဲသုံးစားမှုဖော်ထုတ် တွေ့ရှိချက်၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား စစ်ဆေးတွေ့ရှိချက် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စ၍ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့အား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများအား လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ မတ်လအတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နှင့် အကယ်ဒမီ ရွှေစင် ၇ ပိဿာတို့အား ပေးအပ်ခဲ့ရသည်ဟု အတိအလင်းထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့ သည်ဟု သိရှိရသဖြင့် လိုအပ်သည်များ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက်ရှိသည့် အခြေအနေများ၊ အလားတူ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ မြင့်နိုင်နှင့် ဒေါက်တာ အေးဇံ တို့သည်လည်း အဂတိလိုက်စားမှုများဖြင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် စစ်ဆေး ဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့် သမ္မတဟောင်း ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို တို့နှင့် ပတ်သက်၍လည်း စီးပွားရေးလုပ်ငန်းရှင်အချို့ ထံမှ ငွေကြေးလက်ခံရယူမှုများ စိစစ်တွေ့ရှိရသည့်အတွက် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး သတင်းဆက်လက် ထုတ်ပြန်ပေးသွားမည့် အခြေအနေများနှင့် ယခင်မဲရလဒ် ကြေညာချက် များနှင့် ယခု UEC ၏ မဲလက်မှတ်စစ်ဆေးတွေ့ရှိချက်များအရ ကွာခြားချက် များ၊ ယခင် UEC အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုသိရှိစေရန် ပြောဆို ချက်များ စသည့်အခြေအနေများကို Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်ဦးက လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင် ချက်များနှင့် မဲစာရင်းလက်တွေ့စစ်ဆေးချက်များကိုသက်သေအထောက် အထားများဖြင့် ရှင်းလင်းဖြေကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှသတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ် စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကိုရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေးချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက်အထောက်အထား များကို ခင်းကျင်းပြသထားရှိရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာကြသူများ က လိုက်လံကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လိုက်လံရှင်းလင်း ပြသခဲ့သည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များလာရောက် သတင်းရ ယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကိုဆက်လက် ဖော်ပြသွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025