Skip to main content

Mar 12, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်၀စွာဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင် နိုင်ရေး အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင် တိုက်နယ် ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်း များနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင် ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၆၄၆၂၃ ဦး၊ အတွင်းလူနာ ၃၉၄၂ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရား ပျက်ကွက်စေရန်ရည်ရွယ်၍ ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး အဓိက ကြိုးကိုင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝင်ဟောင်း ဦးမင်းသူ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံတစ်ဦးဖြစ်သူ ဒက္ခိဏ သီရိ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်း အား မတ် ၂ ရက်နေ့တွင် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသားကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ရွှေမင်းသားလက်ဖက်ရည် ဆိုင်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ နည်းပညာအထောက်အကူပြုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးဟန်ဝေဆက်(ဘ)ဦးကိုသင်း သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ ပျက်ပြားစေရန်အတွက် CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းများ ပါဝင်စေရေး လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် အမှတ်(၃၁၇၈၄)၊ စန္ဒာလမ်း၊ ဒက္ခိဏသီရိ ရပ်ကွက်၊ ၎င်း၏နေအိမ်တွင် ဖမ်းဆီး ရမိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

(၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် (၁၈)ကြိမ် မြောက် အာဆီယံ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (15th ASEAN Ministers’ Responsible for Information and its related Meetings) ( 15th AMRI) အား ယနေ့ နံနက်ပိုင်းက အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ ဗီဒီယိုအစည်း အဝေးစနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

(၁၁-၃-၂၀၂၁)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၂-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၁၀,၉၂၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၁၂၂) ဦး ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်