နေပြည်တော် မတ် ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျပျိုး ဥယျာဉ်နှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးဝန်းရှိ ပျိုးဥယျာဉ်များကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေကျပျိုးဥယျာဉ်ကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရွှေကျပျိုးဥယျာဉ်တွင် ပျိုးအိတ် ကြီးများဖြင့် ပျိုးထောင် ထားသော အမြင့်(၂)ပေနှင့်အထက် ပျိုးပင်ကြီးများကို ယခုနှစ် မိုးရာသီတွင် ဖြန့်ဝေမြေချ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စတင်ပျိုးထောင်ထားသော ပျိုးပင်များကိုလည်း လာမည့်နှစ်မိုးရာသီများတွင် မြေချ စိုက်ပျိုး နိုင်ရေးအတွက် အောင်လုံသန်စွမ်း သော ပျိုးပင်များ ဖြစ်ရန် ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း ရွှေကျ ပျိုးဥယျာဉ်တွင် အမြင့် (၂)ပေ နှင့်အထက် အရိပ်ရပင်၊ လေကာပင်၊ ပန်းပွင့်သောပင်နှင့် သီးပင်စားပင်၊ သစ်မျိုး (၉၁)မျိုး၊ အပင် (၆၉၀၀)ကို ပြုစုပျိုးထောင် ထားရှိပြီးဖြစ်ကြောင်းနှင့် ယခုနှစ် ၂၀၂၁ ခုနှစ်တွင် စတင်ပျိုးထောင် သည့် ပျိုးပင်သစ်မျိုး(၂၃ )မျိုး၊ ပျိုးပင်(၅၀၀၀၀)ကို ပျိုးထောင်ထားရှိကြောင်း ရှင်းလင်း တင်ပြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံးဝန်းရှိ ပျိုးဥယျာဉ်ကို ကြည့်ရှုစစ်ဆေးရာ ပျိုးဥယျာဉ်တာဝန်ရှိသူများက ညွှန်ကြားရေးမှူး ချုပ်ရုံးဝန်း၊ ပျိုးဥယျာဉ်တွင်အမြင့် (၂)ပေနှင့် အထက် ပျိုးပင်ကြီးသစ်မျိုး (၃၄)မျိုး၊ အပင် (၁၁၀၀၀)ကို ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်းနှင့် ယခုနှစ် ၂၀၂၁ ခုနှစ်တွင် စတင် ပျိုးထောင် သည့် ပျိုးပင်သစ်မျိုး (၄၇)မျိုး၊ အပင်(၁၅၀၀၀၀)ကို ပျိုးထောင် ထားရှိပါကြောင်း ၊ အဆိုပါအမြင့် (၂)ပေနှင့်အထက် ပျိုးပင်ကြီးများကို လာမည့်၂၀၂၁ ခုနှစ် (မိုးရာသီ)တွင် မြေချစိုက်ပျိုးနိုင်ရေး ဖြန့်ဝေ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၊ ယခုနှစ် ၂၀၂၁ ခုနှစ်တွင် စတင်ပျိုးထောင်သည့် ပျိုးပင်များကိုလည်း လာမည့်နှစ် မိုးရာသီများတွင် ဖြန့်ဝေစိုက်ပျိုး နိုင်ရေးအတွက် ပြုစုပျိုး ထောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး လှုပ်ရှားမှုစီမံချက် ပါအတိုင်း ဒေသနှင့်ကိုက်ညီသည့် ပျိုးသက်ရင့် အမြင့်(၂)ပေနှင့်အထက် ပျိုးပင်များကိုသာ လာမည့် ၂၀၂၁ ခုနှစ်(မိုးရာသီ)တွင် မြေချစိုက်ပျိုးသွားရန်၊ ယခုနှစ်တွင် စတင်ပျိုးထောင်သော ပျိုးပင်များကိုလည်း ၂၀၂၂ ခုနှစ်(မိုးရာသီ)တွင် အမြင့် (၂)ပေနှင့်အထက် ရရှိပြီး အောင်လုံသန်စွမ်းသည့် ပျိုးပင်ဖြစ်ရန် ဆက်လက်ပြုစုထိန်းသိမ်းဆောင်ရွက်ရန် ၊ လက်ရှိ ပျိုးထောင် ထားသော သစ်မျိုးများအနက် ကြီးမြန်သစ်မျိုးများကို လာမည့်စိုက်ပျိုးရာသီချိန် ဇွန်၊ ဇူလိုင် လများတွင် အမြင့်(၂)ပေနှင့်အထက် အရွယ်ရရှိပါက မြေချစိုက်ပျိုနိုင်ရေး ဖြန့်ဝေဆောင်ရွက် သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)