နေပြည်တော် မတ် ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကဘဏ်များမှ ဘဏ်တာဝန်ခံ များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင် က ပုဂ္ဂလိက ဘဏ်များသည် ကိုဗစ်-၁၉ ကာလ တွင်လည်း ကြိုးစား၍အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ယခုအချိန်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများ ရပ်ဆိုင်း နေသည်ဟုကြားသိရ ကြောင်း၊ ပုဂ္ဂလိကဘဏ်များ အမြန်ဆုံးဖွင့်လှစ်ရန်လိုအပ် ကြောင်း၊ နေပြည်တော် ကောင်စီမှ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ပုဂ္ဂလိကဘဏ်များမှ ဘဏ်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေး ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း ဘဏ်ပေါင်း(၇၆)ဘဏ်ရှိသည့်အနက် ယနေ့အချိန်ထိ မြို့နယ်အသီးသီးတွင် ဘဏ်ပေါင်း(၂၈)ဘဏ်သာဖွင့်လှစ်၍ ကျန်ဘဏ် (၄၈)ဘဏ်မှာ ပိတ်ထားသည်ကို စိစစ်တွေ့ ရှိရကြောင်း၊ အစိုးရဘဏ်များမှာ ဖွင့်လှစ်၍ ဘဏ်လုပ်ငန်း များဆောင်ရွက်လျက်ရှိပြီး ဘဏ်များနှင့် စပ်လျဉ်း၍ ငွေကြေးစီးဆင်းမှုများ ပုံမှန် လည်ပတ်နိုင်ရေးမဖွင့်သေးသော ပုဂ္ဂလိကဘဏ်များ အမြန်ပြန်ဖွင့်ရန် လိုအပ်ကြောင်း၊ ဘဏ်များဖွင့်လှစ်ရန် လိုအပ်ချက်အခက်အခဲများအား တင်ပြရန်နှင့် အဆိုပါအခက်အခဲ များကို နေပြည်တော်ကောင်စီမှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတော်မှ ဖြေရှင်း ဆောင်ရွက်ရမည့်ကိစ္စများရှိပါက ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် တက်ရောက်လာသည့် ဘဏ်တာဝန်ခံများက ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ် သည်များ ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်