Mar 17, 2021
မန္တလေး မတ် ၁၆ ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစည်း အဝေးအား ယနေ့မွန်းလွဲ၁နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ | ကျင်းပသည်။
Mar 17, 2021
(၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး( 18 th ASEAN Military Intelligence Meeting- AMIN-18)ကျင်းပ (၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး(18h ASEAN Military Intelligence Meeting - AMIM-18) ကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
Mar 16, 2021
(၁၅-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၂၆၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည် ပြု လူနာသစ် (၁၇) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၁၅,၉၃၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၁၇၉) ဦး ရှိပြီဖြစ်ပါ သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၄) ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း (၁၃၁,၇၄၈) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ** ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် - • နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှ
Mar 16, 2021
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) တွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 16, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်
Mar 16, 2021
နေပြည်တော် မတ် ၁၆ ဒေါက်တာ ဆာဆာ(ခ)ဆာဆာစန်း(ခ) တိုင်ဆာကို ဥပဒေနှင့်အညီ တရားစွဲဆိုထား ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နေ ဒေါက်တာ ဆာဆာ(ခ)ဆာဆာစန်း(ခ) တိုင်ဆာသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေသော ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH)မှ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ် ခြင်းကို လက်ခံဆောင်ရွက်ခြင်း၊ နိုင်ငံတကာရှိ မြန်မာသံရုံးဝန်ထမ်းများအား Civil Disobedience Movement - CDM ပြုလုပ်ရန် လှုံ့ဆော် ခြင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာစေရန
Mar 16, 2021
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ပိတ်ဆို့ထားသော လမ်းအတား အဆီးများအား မတ် ၁၅ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တပ်မတော်သား များ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးမှ ပူးပေါင်းအင်အားဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
Mar 16, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာ ခဲ့ပါသည်။ နေ့အပူချိန်များမှာ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၊ မကွေးမြို့၊ ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီ၊ ရွှေဘိုမြို့၊ မုံရွာမြို့၊ ရမည်းသင်းမြို့၊ လှိုင်းတက်မြို့၊ လွန်ကျော်မြို့၊ နေပြည်တော်(ဇေယျာသီရိမြို့နယ်)၊ အောင်လံမြို့၊ ပြည်မြို့၊ တောင်ငူ မြို့၊ သာယာဝတီမြို့၊ ညောင်လေးပင်မြို့နှင့် ကြို့ပင်ကောက်မြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
Mar 16, 2021
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် SOCA ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့မှ ဦးဆောင်၍ ဒေသတွင်း ကိုဗစ်ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်နိုင်စွမ်းအား မြင့်မားလာစေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ (၁၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ယနေ့နံနက် ၈ နာရီခွဲက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
Mar 16, 2021
ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခုဖြစ်စဉ်တွင် သတင်းသမားများကို ဖမ်းဆီးထားသည်မှာ ၃၀ ခန့် ရှိသွားပြီဖြစ်ကြောင်း၊ ၁၀ ဦးခန့်ကို အမှုဖွင့်ထားပြီး သတင်းစာတိုက် ခြောက်ခု ပိတ်ထားကြောင်း၊ ထုတ်ဝေခွင့်ရပ်ထားသည်များ လည်းရှိကြောင်း၊ ထိုကိစ္စများသည် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်၍ နိုင်ငံတကာ အလယ်တွင် အရှက်ရစရာဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားနေပါသည်ဆိုသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ယူဆပါသလား၊ သတင်းလွတ်လပ်ခွင့် အနေဖြင့် မည်သို့လုပ်ဆောင်ပေးသလဲ သိလိုကြောင်း မေးမြန်းသည်။