Skip to main content

ဒေါက်တာ ဆာဆာ(ခ)ဆာဆာစန်း(ခ) တိုင်ဆာကို ဥပဒေနှင့်အညီ တရားစွဲဆို

နေပြည်တော် မတ် ၁၆ ဒေါက်တာ ဆာဆာ(ခ)ဆာဆာစန်း(ခ) တိုင်ဆာကို ဥပဒေနှင့်အညီ တရားစွဲဆိုထား ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နေ ဒေါက်တာ ဆာဆာ(ခ)ဆာဆာစန်း(ခ) တိုင်ဆာသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေသော ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH)မှ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ် ခြင်းကို လက်ခံဆောင်ရွက်ခြင်း၊ နိုင်ငံတကာရှိ မြန်မာသံရုံးဝန်ထမ်းများအား Civil Disobedience Movement - CDM ပြုလုပ်ရန် လှုံ့ဆော် ခြင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာစေရန် တိုက်တွန်းခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အပြစ်မဲ့ပြည်သူများကို အကာအကွယ်ပေးရေးမူ (Responsibility to Protect – R2P)အတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခြင်း၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ ပြည်တွင်းပဋိပက္ခများ ပိုမိုကြီးထွား လာစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် ရပ်တည်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (အစိုးရ)အား ဖြိုဖျက်ရန် လုပ်ဆောင်ခြင်းတို့ကြောင့် ၎င်းအား နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် အရေးယူနိုင်ရန် မတ် ၁၅ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၁/ ၂၀၂၁ ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး ဒက္ခိဏခရိုင် တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့် ထားကြောင်း သိရသည်။ (သတင်းစဉ်)