Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၅-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၂၆၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည် ပြု လူနာသစ် (၁၇) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၁၅,၉၃၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၁၇၉) ဦး ရှိပြီဖြစ်ပါ သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၄) ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း (၁၃၁,၇၄၈) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ** ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် - • နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြပါရန်၊ • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကို တစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ် ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။