Skip to main content

၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခုဖြစ်စဉ်တွင် သတင်းသမားများကို ဖမ်းဆီးထားသည်မှာ ၃၀ ခန့် ရှိသွားပြီဖြစ်ကြောင်း၊ ၁၀ ဦးခန့်ကို အမှုဖွင့်ထားပြီး သတင်းစာတိုက် ခြောက်ခု ပိတ်ထားကြောင်း၊ ထုတ်ဝေခွင့်ရပ်ထားသည်များ လည်းရှိကြောင်း၊ ထိုကိစ္စများသည် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်၍ နိုင်ငံတကာ အလယ်တွင် အရှက်ရစရာဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားနေပါသည်ဆိုသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ယူဆပါသလား၊ သတင်းလွတ်လပ်ခွင့် အနေဖြင့် မည်သို့လုပ်ဆောင်ပေးသလဲ သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် လူ့အခွင့်အရေး အကြောင်းပြောရမည် ဆိုပါက UDHR ကို ကိုင်ပြီးပြောရမည်ဖြစ်ကြောင်း၊ သတင်းသမားများ အမှုဖွင့်ထားမှု၊ သတင်းစာတိုက်များ ပိတ်ထားမှု၊ နိုင်ငံတကာအလယ်တွင် အရှက်ရစရာများ၊ နစကအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်လား စသည်တို့ကို လူ့အခွင့်အရေးကြေညာ စာတမ်းကိုသာ မူတည်ပြီးပြောသွားမည် ဖြစ်ကြောင်း၊ Universal Declaration of Human Rights မှာ မီဒီယာလွတ်လပ် ခွင့်ဖြင့် ပြောပါက Article 19 ကို မူတည်ပြီး ပြောကြကြောင်း၊ Article 19 အခွင့်အရေးကို လိုချင်ပါက Article 29 ကို လိုက်နာရမည်ဖြစ်ပြီး အဆက်အစပ် များရှိကြောင်း၊ Article 19 တွင် လွတ်လပ် စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ခွင့် ရှိကြောင်း၊ အခွင့်အရေးများကို အနှောင့် အယှက်ကင်းကင်းဖြင့် လွတ်လပ်စွာ စွဲကိုင်ပိုင်ခွင့်၊ သတင်းအချက်အလက်များ နှင့် အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာများမှတစ်ဆင့် နယ်နိမိတ်အပိုင်းအခြားမရှိ ရှာဖွေဆည်းပူး လက်ခံခွင့်၊ ဖြန့်ချိခွင့်ရှိသည်ဟု မီဒီယာများက ပြောကြကြောင်း၊ မိမိတို့ အနေဖြင့်လည်း တန်ဖိုးထားလေးစားကြောင်း၊ သို့သော် ဒါကိုလိုချင်ပါက Article 29 ကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ Article 29 တွင် မိမိ၏ အခွင့်အရေး၊ လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု လေးစားရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် တရားမျှတ သည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရား၊ အများပြည်သူအေးချမ်း သာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြစ်ထွန်းစေရန်၊ ဖြည့်ဆည်းရန်အလို့ငှာ လည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့်ကန့်သတ် ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိဆိုလိုသည်မှာ မီဒီယာတိုင်းကို ကန့်သတ်နေမှု မရှိကြောင်း၊ သတင်းသမားတိုင်းကို အရေးယူမှုမရှိကြောင်း၊ သို့သော်လည်း ဖော်ပြချက်များ၊ ဆူပူဆန္ဒပြမှု မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာအောင် လုပ်ကိုင်မှုများကို သည်းခံ၍မရဘဲ ငြိမ်းချမ်းသာယာရေးကို ထိခိုက်လာပါက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဖော်ပြောဆိုရေးသား ခွင့်ရှိသည်ဟုပြဋ္ဌာန်းထားကြောင်း၊ သို့သော် ( ၃၅၄၏အစကို ကြည့်ပါက နိုင်ငံသားတိုင်းသည် နိုင်ငံတော်ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင် လျှင် အောက်ပါအခွင့်အရေး များကို လွတ်လပ်စွာကျင့်သုံးနိုင်သည်ဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ ပြည်သူ့အကျိုး ကိုယ်ကျင့်တရားတို့ အလို့ငှာ ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် ဥပဒေများကို ရေးသားဖော်ပြချက်များက မဆန့်ကျင်ရန်လိုကြောင်း၊ ဥပဒေများရှိ ပြီးဖြစ်ကြောင်း၊ မီဒီယာများ နှင့် ပတ်သက်လာပါက ကန့်သတ်လိုခြင်းမရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် မီဒီယာများသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ကို အခိုင်အမာလက်ခံခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ယခုအချိန်မျိုးတွင် မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေသည့် မိမိတို့နိုင်ငံသားများကို သွားခေါ်ခဲ့ကြောင်း၊ အလွန်ဒုက္ခရောက်နေသည်ကိုလည်း တွေ့ရကြောင်း၊ ဤသည်ကို တရားစွဲနိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုက အထောက်အထားရှာကြောင်း၊ အထောက်အကူပြု နိုင်ရန်မီဒီယာတစ်ခုက ကြိုးစားပမ်းစား သွားရောက်ရိုက်ကူးကြောင်း၊ သို့သော်လည်း တွေ့ခဲ့သည့် လူသည်ယခင်ကတည်းက အကျဉ်းကျခံထားရမှုများသည့် အတွက်ကြောင့် စိတ်ဂယောက်ဂယက် ဖြစ်နေကြောင်း၊ မလေးရှားနိုင်ငံတွင် နောက်ထပ် လူဦးရေထောင်ချီပြီး ကျန်နေသေးကြောင်း၊ ၎င်းတို့ကိုခေါ်ဆောင်လို၍ ကြိုးစားပမ်းစား လုပ်နေခြင်းဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မီဒီယာများအနေဖြင့်လည်း ဆင်ခြင်ရန်လိုအပ်သည်ဟု ပြောလိုကြောင်း၊ မီဒီယာများ၏ လွတ်လပ်ခွင့်၊ ဖော်ပြခွင့်များနှင့်ပတ်သက်ပြီး တန်ဖိုးထား လေးစားပါကြောင်း ရှင်းလင်းပြောကြားသည်။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ဝန်ထမ်းများက အလုပ်မလုပ်ချင်၍ CDM လုပ်ဆောင်ကြကြောင်း၊ လက်ရှိတာဝန်ရှိသူများက ဖိနှိပ်မှုများ၊ ဖမ်းဆီးမှုများမလုပ်ဘဲ၊ စည်းရုံး သည့်ပုံစံမျိုး၊ စည်းရုံး၍မရမှ ဖမ်းဆီးသွားမည့် အစီအစဉ်များ ရှိပါသလားဟု မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CD လုပ်သည့် ဝန်ထမ်းများနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုရှိကြောင်း၊ နံပါတ်(၁)က CDM လှုပ်ရှားမှုတွင်မပါဘဲကျန်ရှိသည့်ဝန်ထမ်း များကို ခြိမ်းခြောက်နေသော၊ ခေါင်းဆောင် နေသောသူများကိုသာ ဖမ်းဆီးကြောင်း၊ နံပါတ်(၂) CDM မဟုတ်ဘဲ လာဘ်ပေး လာဘ်ယူမှု၊ မသမာမှုများ ဖော်ထုတ်နေ သည်မှာ အများကြီးရှိကြောင်း၊ ဤသည်ကို CDM ဆိုပြီး ရောချနေသည့် လူများရှိကြောင်း၊ ဖမ်းဆီးမှုများရှိသည်ကို ဝန်ခံကြောင်း၊ ယခုတက်ရောက်လာသည့် လူများသည် ဝန်ကြီးဌာနများတွင် ပြောရေး ဆိုခွင့်ရှိသူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ဌာန အကြောင်းများကိုလည်း မေးကြည့်နိုင်ပါကြောင်း၊ ဌာနဆိုင်ရာတွင် ရှိနေသည့် အပျိုဆောင်၊ လူပျိုဆောင်များသို့ သွား ရောက်၍ လိုအပ်ချက်များကို ကြည့်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများကို သွားရောက်၍ ကြည့်ပေးခြင်းတို့ကို တာဝန်ရှိသူများ ကိုယ်တိုင်လုပ်ဆောင်နေလျက်ရှိကြောင်း၊ စည်းရုံးနေလျက်ရှိကြောင်း၊ ဆက်လက် ပြီးလည်း စည်းရုံးဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များက လက်ရှိအခြေ အနေအတိုင်းဆိုပါက နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘူးဟု ပြောနေကြ ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရအောင် မည်ကဲ့သို့ ဆက်လုပ်ဆောင်မည့် အစီအစဉ်ကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပထမ ဦးဆုံး သက်သေပြနိုင်သည်မှာ ယနေ့ AA ကို အကြမ်းဖက် အဖွဲ့အစည်း ကြေညာထားမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ဆက်လက်၍ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုးတက်သည့်အခြေအနေကို စောင့်ကြည့်စေလိုကြောင်း၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း တစ်ဦးချင်း တရားဝင်ဆွေးနွေးမှု မဟုတ်သော်လည်း ဆွေးနွေးနိုင်သည့် နည်းလမ်းဖြင့် တစ်ဦးချင်း ဆွေးနွေးလျက်ရှိကြောင်း၊ မိမိတို့၏ ရည်မှန်းချက် သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အဓိကထား လုပ်ဆောင်သွားရန်လည်းရှိသည့်အတွက် မိမိတို့၏ ရည်မှန်းချက်အတိုင်း မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။ Sankei Shimbun သတင်းဌာန သတင်းထောက် ဒေါက်တာဇော်သန်းက နိုင်ငံတကာ သတင်းလောကတွင် ဖြစ်ပေါ်နေသည့် သတင်းတစ်ပုဒ်ကို မေးမြန်းလိုကြောင်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင်ဖြစ် ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းပေးရန် အတွက် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် သည့် မစ္စတာဝမ်ရီကလာရောက်ဖြေရှင်း ပေးလိုကြောင်း၊ ၎င်း၏ ဆန္ဒကို ထုတ်ဖော် လိုက်သည်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ အမြင်ကိုသိလိုကြောင်း၊ အလားတူ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် သို့မဟုတ် ကုလသမဂ္ဂ ဆိုင်ရာလူအခွင့်အရေး အထူးကိုယ်စား လှယ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိ ပါသလားဟု မေးမြန်းသည်။ ။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယင်းသတင်းနှင့် ပတ်သက်၍ မိမိတို့လည်းတွေ့ရကြောင်း၊ အစည်းအဝေး တစ်ခုအပြီးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ရင်းပြောလိုက်ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် မဲစာရင်းများနှင့်ပတ်သက်ပြီး စတင်၍ ကြေညာကတည်းက ဒီမိုကရေစီ ၏အခြေခံဖြစ်သည့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးလမ်းစဉ်ကို သွားခဲ့ခြင်းဖြစ်ပြီး ပြန်ပြောင်း ပြောရမည်ဆိုလျှင် နိုဝင်ဘာလ ၃ဝ ရက်ကနေ စတင်၍ မဲစာရင်းများနှင့် ပတ်သက်၍ ပြောခဲ့ကြောင်း၊ UEC အနေဖြင့် ရှင်းပေးပါဆိုပြီးသွားခဲ့ကြောင်း၊ ရှင်းမပေးသည့်အခါ၌ လွှတ်တော်အနေဖြင့် ရှင်းပေးပါဆိုပြီး ပို၍ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်သည့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း ဖြင့် သွားခဲ့ကြောင်း၊ လုပ်မပေးသည့်အခါ သမ္မတနှင့် တာဝန်ရှိသည့် အတိုင်ပင်ခံ ( ပုဂ္ဂိုလ်အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ဆွေးနွေးပေးပါဆိုပြီး စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးလမ်းကြောင်းဖြင့် သွားခဲ့ကြောင်း၊ စေ့စပ်ဆွေး နွေးညှိနှိုင်းရေး လမ်းကြောင်းဆိုသည်မှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီအထိ လုပ်ပေးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်အဖွဲ့စည်းကသာ လုပ်ဆောင်မှုမရှိခြင်းဖြစ်ပါကြောင်း၊ စေ့စပ်ဆွေးနွေး ညှိနှိုင်းရေး လမ်းကြောင်းကိုသွားကြရန် အာဆီယံနိုင်ငံတချို့က တိုက်တွန်းသည်များရှိပြီး တခြားနိုင်ငံများမှ တိုက်တွန်းခြင်းများလည်းရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် မဲစာရင်းများ နှင့်ပတ်သက်ပြီး ဖော်ထုတ်မည်၊ နောက်ဆုံးအဆင့်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန်များ လွှဲအပ်မည်ဆိုသည့် လမ်းစဉ်အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ တကာနှင့် အိမ်နီးနားချင်းနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စေတနာထားမှု၊ တည်ငြိမ်အေးချမ်းရေးလိုလားမှုများကို လေးစားပါကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေ ကြားသည်။ ဆက်လက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင် ဆိုသည်မှာ ယခင်ကတည်း ကရှိပြီးသားအဖွဲ့အစည်းများဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး အပါဝင်ဘင်္ဂါလီ အရေးကိစ္စများနှင့်ပတ်သက်သည့် အဆိုမူကြမ်းများတွင် မမှန်ကန်သည့် အချက် အလက်များပါဝင်ခြင်း၊ မျှတမှုမရှိခြင်း၊ နိုင်ငံရေးအရဖိအားပေးခြင်း၊ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်း စသည်တို့ ပါဝင်လေ့ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ယခင်ကတည်းကတိုင် တစိုက်မတ်မတ် လက်ခံခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံတကာ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် အညီ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ၎င်းအရာနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနများမှ ပြောရေးဆိုခွင့်ရှိသူများက ဖြည့်စွက်ပြောကြားလိုသည်များရှိပါက ပြောကြားပေးနိုင်ကြောင်း၊ မေးခွန်းမရှင်း သည်များရှိပါကလည်း ပြန်လည်မေးမြန်း လို့ရပါကြောင်း ပြောကြားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးအောင်ကိုက နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် မြန်မာအရေးကိစ္စကို ဆောင်ရွက်သည့်အခါ မိမိတို့နိုင်ငံအချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရန် အရေး ကြီးသည့်အချက်ဖြစ်သည်ကို ဖြည့်စွက် ပြောကြားလိုပါကြောင်း ပြောကြားသည်။ Sankei Shimbun သတင်းဌာနမှ သတင်းထောက် ဒေါက်တာ ဇော်သန်းက မတ်လ ၈ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင်တွေက ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖို့ညွှန်ကြားထားပါတယ်။ သို့သော် လက်ရှိအခြေအနေတွေမှာ ဆန္ဒထုတ်ဖော်သူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခြင်း တော်တော်များနေတော့ အများပြည်သူကလည်း ဘဏ်တွေကိုသွားပြီး ငွေထုတ်ဖို့ လုံလုံခြုံခြုံ မသွားရောက်နိုင်ပါဘူး၊ ATM စက်တွေမှာ သွားထုတ်တော့လည်း ပိုက်ဆံမရှိတာက များတယ်၊ ရေရှည်မှာ အများပြည်သူ အဆင်ပြေစေဖို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ အစီအစဉ် ဆွဲထားတာရှိပါသလဲ သိရှိလိုပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မတ်လ ၈ ရက်တွင် ပုဂ္ဂလိကဘဏ်များဖွင့်ရန် ပြောခဲ့ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များတွင်လည်း သူ့အခက်အခဲနှင့်သူရှိနိုင်ပါကြောင်း၊ ဘဏ်နှစ်ခုသာ ခဏဖွင့်ပြီး ပြန်ပိတ်လိုက်ရကြောင်း၊ အဓိကမှာ ဘဏ်များပိတ်ရန် ဆန္ဒပြနေသည့်အတွက် ဘဏ် ဝန်ထမ်း များ အခက်အခဲဖြစ်နေပါကြောင်း၊ ဆန္ဒပြသူများသည် ဘဏ်များဖွင့်သည်နှင့် နှောင့်ယှက် ဖိအားပေးတာရှိပါကြောင်း၊ နှောင့်ယှက်နေသူများကို ထိထိရောက်ရောက် အရေးယူသွားရန် ရှိကြောင်း၊ ဘဏ် များပိတ်သည့်အတွက်ကြောင့် အဓိက နစ်နာသူများမှာ ပြည်သူများသာဖြစ် ကြောင်း၊ အစိုးရလုပ်ငန်းများ မှီခိုနေသည်က မြန်မာ့စီးပွားရေးဘဏ်ဖြစ်ပါကြောင်း၊ အခြား လုပ်ငန်းများ လည်းရှိပါကြောင်း၊ သို့သော် အမှန်တကယ်နှစ်နာသည်က ပြည်သူများသာ ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းကို နှောင့်ယှက်နေသူနှင့် ပိတ်ပင်နေသူများအနေဖြင့်လည်း စဉ်းစားကြရန် ကောင်းပါကြောင်း၊ တာဝန်ရှိသည့် ဗဟိုဘဏ်အဖွဲ့အစည်းများ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နည်းလမ်းပေါင်းစုံရှာပြီး ဘဏ်များ ဖွင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ငွေရေးကြေးရေးနှင့် ဆက်စပ်ပြီး ပြောလိုပါ ကြောင်း၊ ဘဏ်များတွင် ငွေမရှိတော့ဘူး၊ ဘာမှမရှိတော့ဘူး ဆိုသည်များသည် မဟုတ်မှန်ဘဲ ကောလာဟလများသာ ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်စရာမလိုပါကြောင်း၊ ဘဏ်လုပ်ငန်း စနစ်အရ ဘဏ်များတွင် ငွေသားများထားလေ့မရှိဘဲ စာရင်းဇယား များသာရှိပါကြောင်း၊ ထားရန်နေရာလည်း မရှိကြောင်း၊ ဘဏ်လုပ်ငန်းစနှစ်အရ ငွေထားသည့်နေရာသည် တစ်နေရာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေစက္ကူ အသစ်ရိုက်နှိပ်ရန် မလိုသေးဘဲ အသင့်ထုတ်ပေးထား သည့် ငွေသားပေါင်းမှာ ထရီလီယံနှင့်ချီပြီးရှိကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ဖြေကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံဗဟိုဘဏ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမင်းက တစ်နိုင်ငံလုံးအနေဖြင့် စာရင်းများအရ ဘဏ်ခွဲပေါင်း ၁၉၀၀ ကျော်ရှိကြောင်း၊ ၉ ရက်နေ့တွင် စာရင်းအရ ဖွင့်လှစ်သည့် ဘဏ်ခွဲပေါင်း ၄၅၀ ကျော်ရှိကြောင်း၊ ၁၀ ရက်နေ့တွင် ဘဏ်ခွဲပေါင်း ၄၉၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖြည့်စွက် ပြောကြားသည်။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးမှာ ကောင်စီအဖွဲ့ ဝင်တွေက (ဘက)ကျောင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌကို အစီရင်ခံစာ တင်ပြကြကြောင်း၊ ဥက္ကဋ္ဌကလည်း (ဘက)ကျောင်း များကို အခြေခံပညာကျောင်းများ အတိုင်းပဲ ဖွင့်လှစ်ဆောင်ရွက်သွားမယ် လို့ ပြောပါကြောင်း၊ (ဘက) ကျောင်းနှင့် ပတ်သက်လို့ အခက်အခဲလေးရှိတာ တွေ့ရတာကတော့(ဘက) ကျောင်းက ဆရာမ တွေက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်က သွားပြီး မူကြိုဆရာမတွေဆို လစာက သုံးသောင်းကျော်ကျော်၊ မူလတန်းပြဆို ၃၈၀၀၀၊ အလယ်တန်းပြဆို ၄၂၀၀၀၊ အဲဒီလောက်ပဲရတဲ့ အခြေအနေပဲဖြစ် တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဆရာ ဆရာမတွေ အဆင်ပြေစေဖို့ ဆရာတော်တွေက အလှူငွေတွေနဲ့ ငါးသောင်း၊ တစ်သိန်း ပေးရတာမျိုးတွေ ရှိနေပါတယ်။ အဲလိုမျိုး (ဘက)ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ လစာနှုန်းထားတွေကို အခြေခံပညာကျောင်းက ဆရာ ဆရာမတွေလို တန်းတူဆောင် ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါ ကြောင်းမေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာ ဒီကိစ္စသည် မူဝါဒပိုင်းဆိုင်ရာ ကိစ္စဖြစ်ပါကြောင်း၊ တင်ပြထားခြင်း ရှိ၊ မရှိ မသိသေးပါကြောင်း၊ တင်ပြထားခြင်း မရှိဘူးဆိုလျှင် အကျိုးအကြောင်းနှင့် (ဘက)ကျောင်းတွေက သာသနာရေး ဝန်ကြီးဌာနကို အကြောင်း ကြားစေချင်ပါကြောင်း၊ ဘယ်လိုလုပ်ပေး နိုင်မလဲမေးပြီး မူဝါဒအရ အခြေအနေ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ပထမဦးဆုံး ဒီလိုမျိုးဖြစ်ပေါ်နေသည်ဆိုသည်ကို အကြောင်းကြားရမှာဖြစ်ကြောင်းဖြေကြားသည်။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ရန်ကုန်မြို့ တွင်းရှိ လမ်းမကြီးများ၊ ရပ်ကွက်လမ်းများမှာ ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်တယ်ဆိုတော့ နိုင်ငံ့ဝန်ထမ်းတွေအတွက် အလုပ်ဆင်းဖို့ အခက်အခဲရှိသလို လက်လုပ်လက်စား၊ နေ့စားတွေ ကလည်း သိန်းနဲ့သန်းနဲ့ရှိတယ်၊ ပြည်သူတွေမှာလည်း နေ့စဉ် အလုပ်ရှိပါလျက် ဒီလိုလမ်းပိတ် ဆို့ထားတဲ့ အခြေအနေတွေ၊ သွားလာမှုအဆင်မပြေတဲ့ အခက်အခဲတွေကြောင့် အလုပ် မဆင်းရဘဲ စားဝတ်နေရေးအခက်အခဲတွေ၊ ပြဿနာတွေလည်း တွေ့ရပါတယ်။ အဲဒီလို လက်လုပ်လက်စားပြည်သူတွေအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဘယ်လို စီစဉ်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေးသည်အဓိက ဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ရန်ကုန်တွင် အလုပ်နှစ်မျိုး ဆောင်ရွက်နေရ ကြောင်း၊ ဆန္ဒပြသည့် လူစုလူဝေးထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရသလို လမ်းပေါ်မှာ ပိတ်ဆို့ထားသည့် အတားအဆီးများကို နေ့ည ရှင်းထုတ်ပေးနေရပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများနှင့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ က ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒပြရာတွင် ပိတ်ဆို့ပြီး ဆန္ဒပြခြင်း၊ ဥပဒေတွေနှင့် မညီညွတ်ခြင်း များကို ပြည်သူလူထုအနေဖြင့် ဆင်ခြင် သင့်သည်ဟု မြင်မိပါကြောင်း၊ မြောက် ဥက္ကလာတွင် ၎င်းတို့လမ်းပိတ်ထားသည့် အရာဝတ္ထုများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ မီးရှို့သည်ဟု စွပ်စွဲထားသည့် Video ဖိုင် Social Media တွင်တက်လာပါကြောင်း၊ တဖြည်းဖြည်း မီးလောင်မှုကြီးလာကြောင်း၊ အိမ်များကြားထဲ၌ မီးလောင်ခြင်းဖြစ်ပြီး ထိုအထဲ တွင်မှ ဓာတ်ဆီပုံးကို ပရဟိတကားနှင့် သယ်လာကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်တွေ့ပြီး ထိန်းသိမ်းသည့်အခါမှ ပရဟိတကားကို ရိုက်တယ်၊ နှက်တယ် ဆိုခြင်းမျိုးများ ထွက်လာကြောင်း၊ ထိုအရာတွေက ယခုဖြစ်နေသည့် ဖြစ်စဉ်များဖြစ်ကြောင်း၊ အဓိကမှာ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးနှင့် လမ်းတွေပြန်ဖွင့်ရန်အတွက် အလေး အနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ယခင်စစ်အစိုးရ လက်ထက်တုန်းက တပ်မတော်က လယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်ပေးခဲ့တာ ရှိပါတယ်။ စွန့်လွှတ်ပေးခဲ့ပေမယ့် မူလလက်ငုတ် လက်ရင်း လယ်သမားတွေရဲ့ လက်ထဲကို ပြန်မရတဲ့ ပြဿနာတွေလည်း ယနေ့တိုင်ရှိနေသေးပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ဘယ်လိုမူဝါဒမျိုးများ ချမှတ်စီမံဆောင်ရွက်ပေးနိုင်မလဲဆိုတာ သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လယ်ယာမြေနှင့်ပတ်သက်ပြီး မူဝါဒအသစ် ချမှတ်ထားခြင်း မရှိကြောင်း၊ ယခင်က စွန့်လွှတ်ပေးသည့် လယ်ယာမြေများရှိကြောင်း၊ စွန့်လွှတ်လယ်ယာမြေ များနှင့်ပတ်သက်၍ ကြန့်ကြာနေရသည့် အကြောင်းအရင်းများကို စိစစ်သည့်အခါတွင် တပ်မတော်မှ စွန့်လွှတ်လိုက်သည့် လယ်ယာမြေများကို တောင်သူများ၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေး၍မရဘဲ လယ်ယာမြေနှင့်ပတ်သက်သည့် စီမံခန့်ခွဲရေးကော်မတီကို ပေးရကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်သည့် စီမံခန့်ခွဲရေးကော်မတီက သက်ဆိုင်ရာနေရာများကို ပေးရကြောင်း၊ အဆိုပါ သက်ဆိုင်ရာ နေရာများ၊ မူလပိုင်ရှင်များအား ပြန်ပေး ရခြင်းဖြစ်သော် လည်း၊ မူလပိုင်ရှင်များက မရှိတော့သည်များရှိကြောင်း၊ တချို့မူလပိုင်ရှင်များက နောက် တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊ သုံးလေးဆင့်အထိ ရောင်းချခြင်းများရှိကြောင်း၊ သို့ဖြစ်၍ မူလပိုင်ရှင်ကို ပြန်ပေးသည့်နေရာတွင် သူကလည်း ရပိုင်ခွင့်ရှိတယ်။ ငါကလည်း ရပိုင်ခွင့်ရှိတယ် စသည်ဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာသောကြောင့် ကြန့်ကြာနေမှုများလည်း ရှိကြောင်း၊ တချို့ ကိစ္စများတွင် လုပ်ထုံးလုပ်နည်းအရ ကြန့်ကြာနေသည်များလည်းရှိပြီး ဥပဒေ အရ ကြန့်ကြာနေသည့်ကိစ္စများကို ဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ ကြန့်ကြာနေသည့်ကိစ္စများကို အမြန်ဆုံးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။ People Media သတင်းဌာန သတင်းထောက် ဦးပြည့်ဖြိုးအောင်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းမီဒီယာ တိုက်များကို ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက် ခြင်းများရှိပါကြောင်း၊ လက်ရှိကောင်စီအနေဖြင့် ဖွဲ့စည်းပုံအတိုင်းသွားမယ်ဆိုပြီး ပြောထား ကြောင်း၊ အဲဒီလို ပြောထားပြီး မီဒီယာအချို့က စစ်ကောင်စီ ဆိုပြီး သုံးနှုန်းခြင်းကြောင့် ယခုလို မီဒီယာတိုက်တွေကို အရေးယူတာလား၊ အခုလို လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူတာ လား၊ အရင်အစိုးရ လက်ထက်တုန်းကလည်း ဒီလိုဝေဖန်တာတွေရှိတယ်၊ ဒီလိုမျိုး တင်ပြတာ တွေ ရှိသည်ကို အရေးယူမှုမရှိခဲ့ကြောင်း၊ အခုကျမှ ပိတ်သိမ်းတဲ့အထိ အရေးယူ ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်အပေါ်မှာ ရှင်းပြစရာများ ရှိပါသလားဟု မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စစ်ကောင်စီတို့၊ စစ်အာဏာရှင်တို့ဟုရေးတိုင်းသာ အရေးယူရမည် ဆိုလျှင် ယခု သတင်းထောက်ကြီးတို့ အနောက်တွင် ရှိသည့် မီဒီယာသမားများ တစ်ယောက်မှ ကျန်မည်မဟုတ်ကြောင်း၊ အကုန်လုံး အဲ့ဒီအတိုင်းပဲ ရေးနေကြကြောင်း၊ အဲ့ဒီလိုရေးလို့ အရေးယူခြင်းမဟုတ်ကြောင်း၊ အရေးယူခံရသည့် မီဒီယာများ ဘာတွေရေးသည်ကို လေ့လာ ကြည့်ပါက တွေ့နိုင်မှာဖြစ်ကြောင်း၊ လုပ်ကြံဖန်တီး၍ ရေးသားခဲ့ခြင်းများကြောင့် အရေးယူခြင်းဖြစ်ကြောင်း၊ မီဒီယာနှစ်မျိုးရှိကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲ တက်ရောက် လာသည့် မီဒီယာများထဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု သုံးနှုန်းသည့် မီဒီယာမှာ မြဝတီ၊ မြန်မာ့အလင်းနှင့် ကြေးမုံတို့သာရှိသည်ဟု ပြောလိုကြောင်း၊ ကျန်သည့်မီဒီယာများက ရေးချင်သလို ရေးနေကြကြောင်း၊ သို့သော် မိမိတို့အရေးမယူကြောင်း၊ အကြောင်းပြချက် အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်မှု၊ ဆူပူအကြမ်း ဖက်မှုများနှင့် ပတ်သက်၍ ပိုမိုအရှိန်မြှင့်တင်စေရန် ရေးသားမှုမဟုတ်မမှန်သတင်းများ ရေးသားမှုတို့ ကြောင့်ဖြစ်ကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဘာတွေရေးသားခဲ့သည် ဆိုတာကို အသေးစိတ်သိရှိလိုပါက မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနတွင် အသေး စိတ်မှတ်တမ်း များရှိပါကြောင်း၊ ယခု ပိတ်သိမ်းပြီးသည်အထိ အဆိုပါမီဒီယာများ ဆက်လက်ရေးသားလျက်ရှိပါ ကြောင်း၊ ဒါကြောင့် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က နိုင်ငံတကာအပါအဝင် နိုင်ငံတချို့က သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဖို့ ပြောနေကြတာရှိပါတယ်၊ ဒီအပေါ်မှာ ကောင်စီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ။ နောက်ပြီး ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တွေ့ဆုံပြီးတော့ ညှိနှိုင်းဖို့အတွက် နိုင်ငံတချို့က တောင်းဆိုထားတာရှိပါတယ်၊ ဒီအပေါ်မှာရော ကောင်စီရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခင်က တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံ၍ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးလမ်းကြောင်းကို သွားနိုင်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းများ ရှိကြောင်း၊ တရားဝင် သတင်းစာရှင်းလင်းပွဲများ လုပ်ခဲ့ကြောင်း၊ စာတွေလည်း ထုတ်ခဲ့ကြောင်း၊ အဲ့ဒီအချိန်တုန်းက ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားပါဟု တိုက်တွန်းသူ တစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း၊ အခုအချိန်မှသာ ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းကို သွားပါဟု တိုက်တွန်းလာခြင်းကို တွေ့ရကြောင်း၊ ဒါကိုလည်း အပြစ်မတင်ကြောင်း၊ ရှေ့ပိုင်း မှာပြောခဲ့ သည့် အတိုင်း ရှေ့လုပ်ငန်းစဉ်များအတိုင်း၊ မူဝါဒများအတိုင်းသာ ရှေ့ဆက် သွားမည်ဟု ပြောလိုကြောင်း၊ တည်ဆဲဥပဒေများ အတိုင်းသာ ရှေ့ဆက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ဆက်လက်ပြီး People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ အပါအဝင် အောက်ခြေက ပါတီဝင်တချို့နဲ့ ကိုယ်စားလှယ်တချို့ ကို ဖမ်းဆီးမှု တွေရှိတဲ့အခါမှာ ရှေ့ဆက်ပြီး NLD ပါတီ ကို ဘယ်လိုမျိုး အရေးယူမှုတွေ ရှိလာ နိုင်လဲ၊ NLD ပါတီ၏ စစ်ဆေးတွေ့ရှိချက်တွေကို နေ့စဉ်ထုတ်ပြန်ပေးသွားဖို့ ရှိပါသလား မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက NLD ပါတီနှင့်ပတ်သက်၍ ပြောရလျှင် ပါတီတစ်ခုအနေဖြင့် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေဖြင့်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ NLD ပါတီဝင်တိုင်း အဖမ်းမခံရကြောင်း၊ ယခင်အစိုးရတွင် တာဝန် ထမ်းဆောင် သည့် ဝန်ကြီးတိုင်း၊ ဒုဝန်ကြီးတိုင်းလည်း အရေးယူခံရခြင်း၊ အဖမ်းခံရခြင်းမရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တိုင်းလည်း အရေးယူမခံရကြောင်း၊ ၎င်းတို့ ကျူးလွန်ခဲ့ လုပ်ဆောင်ခဲ့သည့် အပေါ်တွင်သာ မူတည်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ ဆက်လက်ဖော်ပြပါမည်။