နေပြည်တော် မတ် ၁၆
(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး(18h ASEAN Military Intelligence Meeting - AMIM-18) ကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
အဆိုပါ Video Conferencing တွင် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံမှ Colonel Haji Mohammad Muluddin Bin Awang Haji Latif နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားနိုင်ငံမှ Major General Andjar Wiratma နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုနိုင်ငံမှ Major General Thongvanh Chanthavong နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်နိုင်ငံမှ Brigadier General Charlton Sean Gaerlan နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူနိုင်ငံမှ Brigadier General Ne Chad-Son နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Pham Ngoc Hung နှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆွေးနွေးကြသည်။
ဦးစွာ 18 th ASEAN Military Intelligence Meeting (AMIM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့် တပ်မတာ်မှ Colonel Haji Mohammad Muluddin Bin Awang Haji Latif က အဖွင့်မိန့် ခွန်းပြောကြားသည်။
ထို့နောက် “ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, WeProsper)” ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံထောက်လှမ်းရေးအရာရှိငယ်များ အပြန်အလှန်ခရီးစဉ်ဖလှယ်ရေးကိစ္စရပ်များ၊ အာဆီယံ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။
ယင်းနောက် AMIM-18 ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Colonel Haji Mohammad Muluddin Bin Awang Haji Latif က အပိတ်မိန့်ခွန်းပြောကြားပြီး 19th ASEAN Military Intelligence Meeting (AMIM-19) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားဘုရင့်တပ် မတော်မှ Lieutenant General Hun Manith ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ Lieutenant General HunManith က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီး အစည်းအဝေးအောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်