ရန်ကုန်၊ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ပိတ်ဆို့ထားသော လမ်းအတား အဆီးများအား မတ် ၁၅ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တပ်မတော်သား များ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးမှ ပူးပေါင်းအင်အားဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းဆောင်ရွက်ရာတွင် ဦးအောင်မြတ်လမ်း၊ စက်ရုံလမ်းနှင့် ကန်ပတ် လမ်းထောင့်၊ စက်ရုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထိပ်၊ ဗိုလ်မင်းရောင်လမ်း (တော်ဝင်ပလာ ဇာရှေ့)၊ ဗိုလ်မင်း ရောင်လမ်း (မြယာကုန်းမီးပွိုင့်)၊ ဗိုလ်မင်းရောင်လမ်း (မော်တော်ယာဉ်ဝင်း ရှေ့)နှင့် သိမ်ဖြူလမ်း (တောင်ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးရုံးရှေ့) နေရာများတွင် သဲအိတ်များ၊ ဝါးကပ်များ၊ သစ်တုံးများ၊ ဓာတ်တိုင်များ၊ တာယာဟောင်းများ၊ ကျောက်တုံးများ၊ အုတ်ခဲများကို ဖယ်ရှားရှင်းလင်းခဲ့သည်။
ယခုအခါ နှောင့်ယှက်လိုသူများက အများပြည်သူသွားလာလျက်ရှိသော လမ်းသွယ်နှင့် လမ်းမများကို လမ်းဘေးမှ အလွယ်တကူရနိုင်သော ပစ္စည်းများဖြစ်သည့် သဲအိတ်၊ သစ်တုံး၊ တာယာဟောင်းများ ဖြင့်လည်းကောင်း၊ ဓာတ်တိုင်၊ အမှိုက်ပုံးစသည့် နိုင်ငံပိုင်ပစ္စည်းများ ဖြင့်လည်းကောင်း၊ ပိတ်ဆို့ကာ အတားအဆီးများ ပြုလုပ်ခြင်းကြောင့် ရပ်ကွက်နေပြည် သူများ၊ ပုံမှန်အလုပ်ခွင် သွားရောက်သူများ နှင့်မော်တော်ယာဉ်များ၊ လူနာတင်ယာဉ်၊ မီးသတ်ကားများ ဖြတ်သန်းသွား နိုင်ခြင်းမရှိသည်ကို ပူပန်နေရခြင်း၊ အတားအဆီးများကို ဖယ်ရှားလို သော်လည်း တားဆီးပိတ်ဆို့ သူ နှောင့်ယှက်လိုသူတို့၏ ရန်အားကြောက် လန့်နေရခြင်းတို့ ဖြစ်ပေါ်နေရကြောင်းနှင့် ပြည်သူများ အနေဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများက ယခုကဲ့သို့ ပူးပေါင်းရှင်းလင်းမှုကို လိုလားနေကြသည်ကို လူမှုမီဒီယာများ၊သတင်းစာများတွင်ပါ ဖော်ပြနေကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025