နေပြည်တော် မတ် ၁၅
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် SOCA ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့မှ ဦးဆောင်၍ ဒေသတွင်း ကိုဗစ်ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်နိုင်စွမ်းအား မြင့်မားလာစေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ (၁၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ယနေ့နံနက် ၈ နာရီခွဲက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
ရှင်းလင်းပြောကြား
အဆိုပါ ဆက်စပ်အစည်းအဝေးများအနက် ASCC Partnership Conference 300pSezocoroze အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က တက်ရောက် ဆွေးနွေးရာတွင် အာဆီယံဒေသတွင်း ကိုဗစ်ကာလအလွန် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရန်နှင့် ပြည်သူလူထု၏ တုံ့ပြန်နိုင်စွမ်းအားမြင့်မားလာစေရန်အတွက် SOMRDPE Sectoral Body ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်(၃)ရပ်နှင့် စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းလုပ်ငန်းစဉ်များ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု နှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းရေး လုပ်ငန်းစဉ်များနှင့် ကျေးလက်ဖွံ့ဖြိုးရေး အတွက် stakeholders များမှ အသိပညာအတွေ့ အကြုံများ၊ ဆွေးနွေးညှိနှိုင်းဖလှယ်ရေး လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ Sectoral Bodies များက ကိုဗစ်ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်နိုင်စွမ်းအား မြင့်မားလာစေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပြီး အာဆီယံ မိတ်ဖက်သံရုံးများမှ သံအမတ်ကြီးများနှင့် ဒေသအတွင်းဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ကလည်း ၎င်းတို့ကူညီပံ့ပိုးမည့် အကူအညီများနှင့် လုပ်ငန်းစဉ်များကိုလည်း အဖွဲ့အလိုက် ဆွေးနွေးပြောကြားသည်။
အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ (၁၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံဒေသတွင်း နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025