မန္တလေး မတ် ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစည်း အဝေးအား ယနေ့မွန်းလွဲ၁နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (MHA)မှ မန္တလေး ဇုန်၊ ပုဂံ၊ပြင်ဦးလွင်ဇုန်ဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ မိတ္ထီလာ၊ ရမည်းသင်း မှ ဟိုတယ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ။
အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ( ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ဟိုတယ်များ ကာလကြာရှည်စွာ ပိတ်ထားရခြင်းကြောင့် လုပ်ငန်း ရှင်များ အခက်အခဲများ ရှိနေ သည်ကို သိရှိရပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ ချမှတ် ထားသော လုပ်ငန်းစဉ်(၅)ရပ်မှ တတိယအချက်ဖြစ်သော ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟူ သော အချက်နှင့်အညီ အကောင် အထည်ဖော်နိုင်ရန် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခြင်းနှင့် ဈေးများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်းများကို ဟန်ချက် ညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲ များကို အမြန်ဖြေရှင်းပေးပြီး တိုင်းဒေသကြီး တိုးတက်ရေးနှင့် သာယာလှပရေး အကောင်အထည် ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝအလှ၊ သဘာဝအပန်းဖြေ နေရာများ များစွာရှိပြီး ခရီးသွား လုပ်ငန်းများ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ဟိုတယ် လုပ်ငန်းနှင့် အပန်းဖြေနေရာ လိုင်စင်ချထားမှုများ နှောင့်နှေး ကြန့်ကြာမှု မရှိရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၄) ဦးသိန်းဌေးက အမှာစကား ပြောကြားပြီး မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ဟိုတယ်လုပ်ငန်း များနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများ၊ ခရီးစဉ်ဒေသများ ဖော်ထုတ်မြှင့်တင်ခြင်းဆောင်ရွက် ထားရှိမှု အခြေအနေများအား ( ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
၎င်းနောက် တက်ရောက် လာသူများက အသင်းအဖွဲ့ ကိစ္စ ရပ်များ၊ လိုင်စင်ကိစ္စရပ်များ၊ အခွန်အခကိစ္စရပ်များကို ဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ဟိုတယ်လုပ်ငန်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး Version 2.0 နှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025