Mar 23, 2021
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများ နှင့် ယာယီကုသရေးဆေးရုံများ တွင် ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၈၆၇၅ဝ ဦး၊ အတွင်း လူနာ ၄၁၉၃ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေး စစ်ဆေးပေး ခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။ (ယာပုံ)
Mar 23, 2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ကို မတ် ၁၉ ရက်က ပုသိမ်မြို့ရှိ ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။
Mar 23, 2021
ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့သင်္ဘောဆိပ်သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပြည်သူများအား ရန်ကုန် မြို့သို့ မြစ်တွင်း ချယ်ရီသင်္ဘောများဖြင့် နေ့စဉ် ပို့ဆောင်ပေးလျက် ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ ခရီးသည်သွားလာမှု နည်းပါးနေသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ရေယာဉ်ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
Mar 23, 2021
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ နှစ်လဲ သက်တမ်းတိုး ယာဉ်မှတ်ပုံတင်လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံး စုစုပေါင်း (၅၂) ရုံး၌ ယနေ့မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 23, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 22, 2021
(၂၁-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၃၁၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၂၄,၇၇၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၂၆၄) ဦး ရှိပြီဖြစ်ပါသည်။
Mar 22, 2021
သူရဦးအောင်ကိုသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် နှစ်စဉ် ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ် အရေး ယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးကာ စစ်ဆေးပေါ်ပေါက်ချက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု(၃)မှုဖွင့်ကာ တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့သည်။
Mar 22, 2021
ညောင်လေးပင်မြို့နယ် ရဲစခန်းကို မီးပုလင်းနှင့် ရန်ပြုအကြမ်းဖက်ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။