နေပြည်တော် မတ် ၂၂
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများ နှင့် ယာယီကုသရေးဆေးရုံများ တွင် ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၈၆၇၅ဝ ဦး၊ အတွင်း လူနာ ၄၁၉၃ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေး စစ်ဆေးပေး ခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။ (ယာပုံ)
ထိုသို့လာရောက်ကုသမှုခံယူ လျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၄ဝဝ၇ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၂၁၃ဝ ဦး၊ စုစုပေါင်း ၆၁၃၇ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၂၀၄ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၃၃၆ ဦးကို သာမန်မွေးဖွားပေး နိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၅၅၄ဝ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် စားသောက် ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025