Skip to main content

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

ပုသိမ် မတ် ၂၂ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ကို မတ် ၁၉ ရက်က ပုသိမ်မြို့ရှိ ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန်များကို ရာနှုန်းပြည့် ပြန်လည် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအလိုက် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရန် တိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက်၊ ထွက်ပေါက်များတွင် ပိတ်ဆို့ ရှာဖွေရေးလုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများ အောင်မြင်ရန်လည်း ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က လုပ်ငန်းလိုအပ်ချက် များကို တင်ပြဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုသိမ် တက္ကသိုလ်၊နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပုသိမ်ပညာ ရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ နည်းပညာ အထကတို့မှ တာဝန်ရှိသူများ၊ ပုသိမ်မှန်စက် ရုံနှင့် ဓာတ်မြေသြဇာစက်ရုံ (ကန် ကြီးထောင့်)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မောင်မောင်မြင့်(ပြန်/ဆက်)