Skip to main content

Mar 23, 2021

(၂၂-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၉၇၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၂၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၂၆,၇၄၀) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၂၉၂) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာ ကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထား သည့်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းများကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များက လာရောက်ရှင်းလင်း မှုကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာတွင် စက်ရေတွင်း ချွတ်ယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရ၍ မတ်၂၀ရက်ကညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ လှူဒါန်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများနှင့်ဒေသခံ ပြည်သူများက စားသောက်ဖွယ်ရာနှင့်ပစ္စည်းများ လှူဒါန်း

ဆက်လက်ဖတ်ရှုရန်

Mar 23, 2021

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်သူများ တားဆီး ပိတ်ဆို့ထားသော အတားအဆီးများကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်